မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ကို ထိန်းနိုင်ဖို့အတွက် သတ်ပစ်မှသာ ရမယ်လို့ ဆီးဗီးလားနည်းပြဆို

0
170

ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၈

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်များမတိုင်မီ သတင်းစာရှင်းလင်း ပွဲတွင် ဆီးဗီးလားနည်းပြ မွန်တဲလားက မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ချီးကျူးမှုများ ပြုလုပ်ခဲ့ပါတယ်။

“သူ အီတလီမှာ ကစားကတည်းက သူ့ရဲ့ ကစားပုံကို ကျွန်တော် ကောင်းကောင်း သတိထားမိတယ်။သူ့ရဲ့ ကစားပုံဟာ အရမ်းကောင်းမွန်ပါတယ်”လို့ မွန်တဲလားက ဆိုပါတယ်။

ဆန်းချက်ဇ်ဟာ အီတလီကလပ် အူဒီးနိစ်မှာ ကစားခဲ့ဖူးပြီး ပြေးအား တိုးအားကောင်းစွာဖြင့် ကစားနိုင် သောကြောင့် မကြာမီအချိန်အတွင်း ဘာစီလိုနာအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။

“သူ့ရဲ့ ကစားပုံဟာ သူ့ရဲ့ အရည်အသွေးကို အမြဲတမ်း သက်သေပြနေ ခဲ့ပါတယ်။ သူ့မှာ လျင်မြန်တဲ့ ပြေးအားနဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်စွမ်းတွေ ရှိနေတယ်။ ဒီအရည်အသွေးတွေကြောင့် သူဟာ ကစားသမား ကောင်းတစ်ယောက်ဆိုတာကို သက်သေပြနေပါတယ်။ ကောင်းပြီ။ သူ့ကို ဘယ်လိုထိန်းရမလဲဆိုရင် သတ်ပစ်တာပဲ ဖြစ်ဖြစ် ထွက်သွားအောင်လုပ်တာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ လုပ်မှသာ ရပါလိမ့်မယ်”လို့ ဆီးဗီးလားနည်းပြ မွန်တဲလားက ဆက်ပြောပါတယ်။

ဆန်းချက်ဇ်ဟာ ယခုနှစ် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသနေသူလည်း ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဆီးဗီးလားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို မန်ယူအတွက် ကစားတော့မှာ ဖြစ်ပါတယ်။

NN

Leave a Reply