လားရှိုးမြို့ ရိုးမဘဏ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး နာရီပိုင်းအတွင်း ရှမ်းပြည်နယ် တ၀ှမ်းတွင် လုံခြုံရေးတပ်လှန့်ထား

0
105

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၈

ယနေ့ညနေ လေးနာရီခွဲအချိန်ကလားရှိုးမြို့ ရိုးမဘဏ်ဗုံးပေါက်ကွဲမှုတွင် ၂ဦးသေဆုံး ၂၂ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင်ပင် ရှမ်းပြည်နယ် တစ်ဝှမ်းလုံးတွင် လုံခြုံရေးတပ်လှန့်ထားကြောင်း လားရှိုး ခရိုင်ဒုတိယ ရဲမှူးကြီး စန်းဝင်းကပြောသည်။

“၆နာရီခွဲအထိနောက်ဆုံးရတဲ့ သေဆုံးထိခိုက်ဒဏ်ရာရတဲ့စာရင်းပါ။ ဒီပေါက်ကွဲမှုအပြီးမှာ ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံ ရေးက အထူးစိုးရိမ် ရတဲ့အတွက် ကျွန်တော်တို့ရှမ်းမြောက်မှာရော ရှမ်းအရှေ့နဲ့ရှမ်းတောင်မှာပါ လုံခြုံရေးတပ်လှန့်ထား ပါတယ်”ဟု ဒုတိယရဲမှူးကြီးစန်းဝင်းကပြောသည်။

သေဆုံးသူနှစ်ဦးမှာ ရိုးမဘဏ်ဝန်ထမ်း မမော်မော်နှင့် မစန္ဒာထွန်းတို့ဖြစ်ပြီး လားရှိုးဆေးရုံကြီးအထူးကြပ်မတ်ကုသ ဆောင်တွင်ဒဏ်ရာရရှိထားသူများမှ အရေးပေါ်လူနာ၆ဦးကိုဆက်လက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲခဲ့သည့်ဗုံးအမျိုးအစားနှင့် မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင် သည်ကို ဆက်လက်စီစစ်ဆဲဖြစ်ကြောင်း ဒုရဲမှူး ကြီးကဆိုသည်။

လားရှိုးမြို့တွင် KIAအဖွဲ့မှ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ထိ ခိုက်ပျက်စီးစေရန်ရည်ရွယ်၍ အမျိုးသား၆ဦးနှင့် အမျိုးသမီး၎ဦးကို ဗုံးဖောက်ခွဲရန်စေလွှတ်ထားပြီး TNLAအဖွဲ့မှဗုံခွဲကျွမ်းကျင်သည့် အယောက်၂၀ကို ဗုံးခွဲတိုက်ခိုက် မည့်နေရာများသို့ ကြိုတင်လေ့လာနိုင်ရန် စေလွှတ်ထားကြောင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဘက်ရေးရာလုံ ခြုံရေးဌာနက လားရှိုးမြို့တွင် ကြေငြာစာရွက်များလိုက်လံဝေငှခဲ့ပြီး သတင်းပေးပို့နိုင်ရန်အတွက် ကြေငြာထားခဲ့ဖူးသည်။

ပေါက်ကွဲမှုတွင် ရိုးမဘဏ်မျက်နှာချင်းဆိုင်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနရုံးမျက်နှာစာမှန်များကွဲကြေပျက်စီးခဲ့ပြီး ရိုးမဘဏ်နှင့်ဘေးကပ်ရပ်ရှိ ဧရာဝတီဘဏ်မှာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – Nay Myo

Leave a Reply