မြန်​မာ-ထိုင်း နယ်​စပ်​ဖြတ်​​ကျော်ခရီးစဉ် ၆ကြိမ်​​မြောက်ပြုလုပ်မည်

0
143

ရန်​ကုန်၊​ဖေ​ဖော်​ဝါရီ ၂၁၊၂၁၀၈

Myanmar Heritage Trail Tourism Rally (MHTTR) ၏(၆)ကြိမ်မြောက် မြန်​မာ-ထိုင်း​နယ်စပ်ဖြတ်ကျော် ခရီးကြမ်း ကားမောင်းနှင်ခြင်း ခရီးစဉ်အား ၄ညအိပ်​ ၅ရက်​ ခရီးစဉ်ဖြင့် မေလ ၁ရက်မှ ၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယခုလ ၂၁ရက်​က ဆူး​လေရှန်​ဂရီလာတွင်​ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲမှသိရသည်​။

အဆိုပါ အစီအစဉ်​ကို ပြည်​တွင်းခရီးစဉ်​​ဒေသ​များအား ကားဖြင့်​ခရီးသွား၍ရနိုင်​​ကြောင်းကို သိရှိ​​စေရန်​နှင့်​မြန်မာနိုင်ငံတစ်ဝန်းရှိ လည်ပတ်စရာကောင်း
သော ခရီးစဉ်ဒေသများကို ပြည်တွင်းခရီးသွားများ
လေ့လာသိရှိစေရန်ရည်ရွယ်၍​​​ ကျင်းပပြုလုပ်​ခြင်းဖြစ်​သည်​။

ထိုင်းနိုင်​ငံရှိ ခရီးသွားအာဏာပိုင်​အဖွဲ့အစည်းနှင့်​ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြင့်တင်ရေးအသင်းတို့ပူပေါင်း၍ ယင်းခရီးစဉ်​အား ကား ၁၅စီးခန့်​ဖြင့်​ ​လေ့လာမှုများပြုလုပ်​ကြမည်​ဖြစ်​သည်​။

အဆိုပါခရီးစဉ်​တွင်​ မြန်​မာ-ထိုင်း နယ်​စပ်​ဖြတ်​​ကျော်
ခရီးစဉ်​​လမ်း​တ​စ်ေ​လျှာက်​ရှိ သဘာဝအလှများနှင့် 
တောတောင်ရေမြေ သဘာဝအလှများကို​လေ့လာကြမည်​ဖြစ်​ပြီး ခရီးစဉ်​​ဒေသအသစ်​များ​ဖော်​ထုတ်​သွား
မည်​ဖြစ်​​ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဦးမျိုးသွင်​က
ပြောသည်​။

ခရီးစဉ်များအတွင်း ခရီးသွားပြည်သူများသိရှိမှု နည်းပါးသည့်ဒေသများသို့ သွားရောက်ကာ လည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသအသစ်​များကို ပြည်တွင်းခရီးသွား များ​လေ့လာသိရှိနိုင်စေရန်အပါအဝင်
ပြည်​တွင်းခရီးသွားလာသူများတိုးတက်​လာ​စေရန်​နှင့်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင်
ဈေးကွက်ဖော်ဆောင်မြှင့်တင်နိုင်ရန် အတွက် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုခရီးစဉ်​​များကို ၁နှစ်​လျှင်​ ၂ကြိမ်​ပြုလုပ်​လျှက်​ရှိပြီး လာမည့်​ ၂၀၁၉ခုနှစ်​တွင်​ စစ်​ကိုင်းတိုင်း​ဒေသကြီး (အ​နောက်​ဘက်​ခြမ်း)နှင့်​ချင်းပြည်​နယ်​တို့တွင်​ ပြုလုပ်သွားရန်​စီစဉ်ထားကြောင်း၎င်းက​ပြောသည်​။

MHTTR၏ ပထမ အကြိမ်မြောက် ခရီးစဉ်​ကို၂၀၁၅ ခုနှစ်မှစတင်ကာ ရန်​ကုန်​-ပြည် – သရေခတ္တရာ -ပုဂံ -​နေပြည်​​တော်​ခရီးစဉ်အား ကား ၁၀စီးဖြင့်စတင်ခဲ့ပြီး ဒုတိယ အကြိမ် ​ခရီးစဉ်​ကို ၂၀၁၆ ခုနှစ်တွင် ရန်ကုန် ၊ တာချီလိတ် ၊ကျိုင်းတုံ ခရီးစဉ်သို့လည်ကောင်း၊ တတိယ အကြိမ် ခရီးစဉ်​ အဖြစ်​မြောက်ဦး-ငပလီ -ချောင်းသာ ခရီးစဉ် အား လည်ကောင်း၊စတုတ္ထအကြိမ် မြောက်တွင် မြိတ်-ကော့သောင်း- တနသာင်္ရီတိုင်း​ခရီးစဉ်များနှင့်​ ပဉ္စမအကြိမ်​​မြောက်​တွင်​အနောက်
မြောက်ဒေသ (စစ်​ကိုင်းတိုင်း ​ဒေသကြီး)ခရီးစဉ်​များကိုသွားရောက်​လေ့လာခဲ့​သည်​။

ဝေ​ဝေဖြိုး

Leave a Reply