ဖမ်းဆီးရမိသည့် ဆိုင်ကယ်ပါဝါအိတ်ဇော်ပိုက်များအား လမ်းကြိတ်စက်ဖြင့် ဖျက်စီးမည်

0
125

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ပြည်သူများ အနှောက် အယှက်ဖြစ်စေသည့်ဆိုင်ကယ်၌ ပါဝါအိတ်ဇော်ပိုက်တပ်ဆင် မောင်းနှင် မှုများအား အရေးယူဆောင်ရွက်လျက်ရှိ ပြီး ဖမ်းဆီးရမိသည့် အိတ်ဇောပိုက်များအား လမ်းကြိတ်စက်ဖြင့် ဖျက်စီးသွားမည်ဖြစ် ကြောင်း သိရှိသည်။

ဖမ်းဆီးရမိမှုများအား လမ်းကြိတ်စက်ဖြင့် ဖျက်စီးရန် ပထဆုံး အကြိမ်ပြု လုပ်ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း ဖမ်းဆီးရမိမှုများအား တစ်နှစ်အတွင်း ပျက်စီးသွားမည်ဖြစ်ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံးမှ ရဲမှူးမျိုးဇော်အောင်က ပြောသည်။

“၂၀၁၆-၂၀၁၇ခုနှစ် ကဖမ်းမိထားတာတွေပါ ။ဒါက ပထမဦးဆုံးကြိမ် လမ်းကြိတ်စက်နဲ့ကြိတ်တာပါ။ တစ်နှစ်စာကို တစ်ခါကြိတ်သွားမှာပါ ပုံမှန်မဟုတ်ပဲနဲ့ အသံကျယ်လောင်တဲ့ အိတ်ဇော တွေပါ။ ပြည်သူ လူထုတွေကိုလည်းဒုက္ခပေးတယ်။ အသံကျယ်လောင်တဲ့အတွက် ဆိုင်ကယ်စီးနှင်းသူတွေကလည်း အရှိန်ပြင်းမောင်းနှင်တဲ့အတွက် ကြောင့်အန္တရာယ်ဖြစ်စေနိုင်တယ်” ဟု ရဲမှူးမျိုးဇော်အောင် ကပြောသည်။

ဆိုင်ကယ်ပါဝါအိတ်ဇောပိုက်တပ်ဆင်မောင်းနှင်သူများကို မော်တော်ယာဉ် ဥပဒေအရ အရေးယူထားပြီး အိတ်ဇောပိုက် ၃၀၀ အား ဖမ်းဆီရမိကြောင်း သိရှိရသည်။

“သူ့စတိုင်မ်သူနေမှာပေါ့။ ပတ်ဝန်းကျင်ကို ထိခိုက်တာတော့ မကောင်းဘူး ဗျ။ ဆိုင်ကယ်အမျိုးအစားလိုက်တော့ အသံတွေထွက်ကြတာပဲ။ အသံကျယ် ကျယ်စီးချင်ရင် အသံကျယ်ကျယ်ထွက်တဲ့ ဘီးတွေရှိတာပဲလေ။ ဖြတ်ညှပ် ကပ်တွေ လျှောက်လုပ်ပြီး စီးတာ ဖမ်းတာကောင်းတယ်။ အချုပ်ပါ လေးငါးရက်လောက်မှတ်လောက်သားလောက် ရှိအောင်ချရမှာ”ဟု တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အိတ်ဇောပိုက်တပ်ဆင်ပြီး မမောင်းနှင်ကြရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအထိ အသိပညာရေးလုပ်ငန်းများဆောင်ရွက် သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိထားသည့် အိတ်ဇောပိုက်များကိုလည်း အဝေရာမီးပုံပျံကွင်းတွင် မတ်လ (ဒုတိယပတ်)တွင် ဖျက်စီးသွားမည်ဖြစ်ကြောင်း ရဲမှူးမျိုးဇော်အောင် က ပြောသည်။

ယဉ်ကေနွယ်

Leave a Reply