တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် လူ (၅၀)ကျော် ခေါ်လာသူနှစ်ဦးကို အရေးယူ

0
178

မန္တလေး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

တရုတ်နိုင်ငံ ကွမ်တုံမြို့ရှိ ပရိဘောဂစက်ရုံတစ်ခုတွင် အလုပ်လုပ်ရန်အတွက် လူ (၅၂) ဦးကို ဦးဆောင်ခေါ်လာသူ နှစ်ဦးအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီအချိန်က ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း အုန်းချောနယ်မြေရဲစခန်းမှ သိရသည်။

အလုပ်လုပ်မည့် သူများမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံဒေသရှိ ကျေးရွာများမှ ဒေသခံများဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်တုံမြို့ရှိ ပရိဘောဂစက်ရုံတွင် လစာ မြန်မာငွေ ၅ သိန်းကျပ်ရမည်ဟုဆိုကာ ဦးကျော်စိုးလင်းနှင့် ဦးအောင်လင်း တို့က ဦးဆောင်ခေါ်ယူခဲ့ကြောင်း သိရသည်။

“လစာနဲ့ အလုပ်လုပ်ဖို့ ခေါ်တယ် ။ ဒါကို ရွာသားတွေက ကျေကျေနပ်နပ်နဲ့လိုက်တယ် ။ ဦးဆောင်ခေါ်လာသူတွေက တစ်ယောက်ကို အလုပ်သွင်းပေးခ ၅ သိန်း ၂ သောင်း ရတယ် ။ ဒီအမှုကို လူကုန်တားဥပဒေနဲ့ အရေးယူမထားပါဘူး။´´ ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ(မန္တလေး) မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်မရှိပဲ တရုတ်နိုင်ငံတွင်အလုပ်လုပ်ရန် ခေါ်ဆောင်လာသူ နှစ်ဦးအား အုန်ချောနယ်မြေရဲစခန်းတွင် (ပ)၂၇/၂၀၁၈၊ ပြည်ပအလုပ်လုပ်ကိုင်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင် သိရသည် ။

နိုင်လင်းဦး

ပုံ – အုန်းချောရဲစခန်း

Leave a Reply