ဒုတိယအကြိမ်​​မြောက်​ မြန်​မာ့ရိုးရာအိုးကြီးချက်​အလွတ်​တန်းပြိုင်​ပွဲနှင့်​ ​ဈေး​ရောင်းပွဲ​တော်ကျင်း​ပမည်

0
175

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၂၊၂၀၁၈

မြန်​မာနို​င်​ငံစား​သောက်​ဆိုင်​လုပ်​ငန်းရှင်​များအသင်း
မှကြီးမှူး၍ ဒုတိယအကြိမ်​​မြောက်​ အလှူတော်​အိုးသူကြီး မြန်​မာ့ရိုးရာအိုးကြီးချက်​ အလွတ်​တန်းပြိုင်​ပွဲနှင့်​ ​ဈေး​ရောင်းပွဲ​တော်​ကို မတ်​လ ၂၃ရက်​မှ ၂၅ရက်​ထိ ရန်​ကုန်​မြို့ရှိ ပြည်​သူ့ရင်​ပြင်​ ကွင်းအမှတ်​ (၁)တွင်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း ယခုလ ၂၂ရက်​ကပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲမှသိရသည်​။

တိမ်​မြှုပ်​လုနီးပါးဖြစ်​​နေ​သော မြန်​မာ့အိုးကြီးချက်​ပညာရပ်​များ ပြန်​လည်​​ဖော်​ထုတ်​နိုင်​​စေ​ရေး၊ အကျိုးအမြတ်​ကိုမကြည့်​ပဲ ​စေတနာ​ရှေ့ထား၍ ကူညီတတ်​ကြ​သော အိုးသူကြီးများကို ချီးမြှင့်​​မြှောက်​စား​ပေး​နိုင်​​ရေးနှင့်​ မြန်​မာ့ရိုးရာအစားအ​သောက်​ကဏ္ဍပိုမိုမြင့်​တက်​လာ​စေ​ရေးတို့အတွက်​ ရည်​ရွယ်​၍ကျင်းပပြုလုပ်​ခြင်းဖြစ်​​ကြောင်း ပွဲကျင်း​ပ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦးမြင့်​​ဇော်​က​ပြောသည်​။

“မြန်​မာ့ရိုးရာ အိုးကြီးချက်​ဆိုတာက သာမန်​လူ​တွေမလုပ်​နိုင်​တဲ့အရာဖြစ်​ပါတယ်​။ သူတို့ဟာ အဖွဲ့လိုက်​ချက်​ရတယ်​။ချက်​တဲ့​နေရာမှာလဲ လူ​တွေရာ၊​ထောင်​ချီတဲ့သူ​တွေကို ​ကျွေး​မွေးဖို့အတွက်​အစစအရာရာတာဝန်​ကြီးကြီးနဲ့ စီမံခန့်​ခွဲမှု​ကောင်း​ကောင်းနဲ့ချက်​ပြုတ်​ရတဲ့ အတတ်​ပညာပဲဖြစ်​ပါတယ်​။”ဟု၎င်းက​ပြောသည်​။

အဆိုပါပြိုင်​ပွဲသို့ ဝင်​​ရောက်​ယှဉ်​ပြိုင်​လိုသူများအ​နေဖြင့်​ မြန်​မာနိုင်​ငံသား၊ ကူးစက်​​ရောဂါကင်းစင်​သူဖြစ်​ရမည်​ဖြစ်​ပြီး စုစု​ပေါင်း ပြိုင်​ပွဲဝင်​ အသင်း​ရေ ၁၆သင်း ယှဉ်​ပြိုင်​ရမည်​ဖြစ်​​ကြောင်းသိရသည်​။

ပြိုင်​ပွဲဝင်​ ၁ဖွဲ့လျှင်​ ၇ဦးပါဝင်​ရမည်​ဖြစ်​ကာ၊အသင်း​ခေါင်း​ဆောင်​အိုးသူကြီးအမည်​နှင့်​ယှဉ်​ပြိုင်​မည့်​အဖွဲ့ဝင်​များ၏ ကိုယ်​​ရေးအချက်​အလက်​များ ပြည့်​စုံစွာ​လျှောက်​လွှာတင်​ရမည်ဖြစ်​ပြီး ​လျှောက်​လွှာများကို ယခုလမှစ၍ မတ်​လ ၆ရက်​အတွင်း​ နောက်​ဆုံးထားကာ အဆိုပါအသင်းသို့ ​ပေးပို့လျှောက်​ထားရမည်​ဖြစ
်​​သည်​။

အဆိုပါပြိုင်​ပွဲမှ ဆုရရှိသူများကို ပထမဆု ကျပ်​သိန်း (၅၀)၊ဒိုင်းဆု၊​ရွှေတံဆိပ်​ဆုနှင့်​ ဂုဏ်​ပြု မှတ်​တမ်းလွှာ​ပေးအပ်​မည်​ဖြစ်​ပြီး၊ဒုတိယဆုကို ​ကျပ်​သိန်း (၃၀)၊​ငွေတံဆိပ်​ဆုနှင့်​ဂုဏ်​ပြုမှတ်​တမ်းလွှာ​ပေးအပ်​မည်​ဖြစ်​ကာ၊ တတိယဆုကို ကျပ်​သိန်း (၂၀)၊​ကြေးတံဆိပ်​ဆုနှင့်​ ဂုဏ်​ပြုမှတ်​တမ်းလွှာများအား​ပေးအပ်​သွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

ယင်းပြိုင်​ပွဲနှင့်​အတူ ​ဈေးပွဲ​တော်​အ​နေဖြင့် မြန်​မာ့ရိုးရာ ထုတ်​ကုန်ပစ္စည်းများကိုလည်း ဆိုင်​ခန်း​ပေါင်း ၂၀ခန့်​ဖြင့်​ ပြသ​ရောင်းချသွားမည်​ဖြစ်သည်​။

ဝေ​ဝေဖြိုး

Leave a Reply