ဟာရဲယားဒဏ်ရာရရှိမှုအတွက် မန်ယူဆေးအဖွဲ့ကို ဒေါသထွက်ခဲ့တဲ့ မော်ရင်ဟို

0
178

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၈

ယနေ့မနက်ပိုင်းက ယှဥိပြိုင်ခဲ့တဲ့ ဆီးဗီးလား ၀-၀ မန်ယူပွဲစဉ်မှာ မန်ယူ ကွင်းလယ်လူ ဟာရဲယားဟာ ပွဲအစ ၁၇ မိနစ်မှာတင် ဒဏ်ရာရရှိ ခဲ့ပါတယ်။ အဆိုပါကိစ္စအတွက် ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ ဒဏ်ရာအကင်း မသေဘဲ ကစားခွင့်ပေးခဲ့တဲ့ မန်ယူဆေးအဖွဲ့အပေါ် ဒေါသထွက်နေခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဆီးဗီးလားနဲ့ ပွဲစဉ်မှာ ကွင်းလယ်ကို တိုမီနေးလ် ၊ ဟာရဲယားတို့နဲ့ ပွဲထွက်စေခဲ့ပြီး နာမည်ကြီးကစားသမား ပေါ့လ်ဘာကို အရန်ခုံမှာသာ ထိုင်နေစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ၁၇ မိနစ်မှာ ဟာရဲယားဟာ ဘောလုံးကစားနေရင်း ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့အတွက် မော်ရင်ဟိုဟာ ပေါ့လ်ဘာကို လူစားဝင်စေခဲ့ပါတယ်။

“အရမ်းဆိုးတဲ့ ထိခိုက်ဒဏ်ရာပါပဲ။ သူ့မှာ ဒဏ်ရာအသေးလေးတွေ ရှိပါတယ်။ ဒီဒဏ်ရာလေးတွေ ပျောက်ကင်းပြီဆိုလို့ ပွဲကစားခွင့် ပေးခဲ့တာပါ။ ဆေးအဖွဲ့ကလည်း ဟာရဲယားဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်နေပြီလို့ အာမခံတဲ့အတွက် ကျွန်တော် အသုံးပြုခဲ့တာပါ။ အမှန်တော့ ဒဏ်ရာတွေ အကင်းမသေသေးပါဘူး”လို့ မော်ရင်ဟိုက ဆိုပါတယ်။

ဟာရဲယားဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ကောင်းစွာလုပ်ခဲ့သော်လည်း ကြံ့ခိုင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဆီးဗီးလားနဲ့ ပွဲစဉ်မှာ ဒဏ်ရာထပ်မံရရှိခဲ့ပြီး ပေါ့လ်ဘာနဲ့ လူစားလဲခဲ့ခြင်း ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ အဆိုပါ ပွဲစဉ်မှာ ဟာရဲယား ဒဏ်ရာကြောင့် ဆေးအဖွဲ့အပေါ် ဒေါသထွက်ခဲ့သလို သရေကျခဲ့တဲ့ ပွဲရလဒ်အတွက်လည်း စိတ်ပျက်ခဲ့ပါတယ်။ မန်ယူအသင်း အနေနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဆီးဗီးလားကို ၁-၁ သရေကျခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာရမှာ ဖြစ်ပါတယ်။

NN

Leave a Reply