ဖိနပ်အရွယ်အစား အကြီးဆုံးဝတ်ဆင်ရတဲ့ ဘောလုံးသမားများ

0
181

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၈

ကမ္ဘာကျော်ဘောလုံးသမားတွေထဲမှာ တူမတူအောင် ထူးခြားတဲ့ ခြေထောက်ကြီးသူတွေ ရှိကြပါတယ်။ ခြေထောက်တွေ ကြီးကြတဲ့အတွက် သူတို့ဝတ်ဆင်ရတဲ့ ဖိနပ်အရွယ်အစားတွေဟာလည်း ကြီးမားကြပါတယ်။ ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ဖိနပ်အရွယ်အစားတွေကို တင်ပြပေးလိုက်ပါတယ်။

ဘောလုံးသမားတွေထဲမှာ ဖိနပ်အရွယ်အစားအကြီးဆုံး ၀တ်ဆင်ရတဲ့သူကတော့ မန်ယူတိုက်စစ်မှူး လူကာကူပဲ ဖြစ်ပါတယ်။ လူကာကူဟာ ဘောလုံးကန်ဖိနပ် နံပါတ် ၁၃ ခွဲကို ၀တ်ဆင်ရပါတယ်။ သူ့ရဲ့ ဖိနပ်အရွယ်အစား ကြီးမားမှုကို မန်ယူအသင်းရဲ့ ကစားသမား မာတာကတောင် စနောက်ပြီး အင်စတာဂမ်မှာ တင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

လူကာကူရဲ့ နောက်မှာတော့ ဇလာတန်အီဗရာဟီမိုဗစ် ၊ ပီတာခရော့စ် တို့ဟာ ဖိနပ်အရွယ်အစား ၁၂ ကို ၀တ်ဆင်ကြရပါတယ်။ adidas ဖိနပ် အများစုကို ၀တ်ဆင်ကြတဲ့ အဆိုပါ ကစားသမားတွေဟာ အရပ်ရှည် တိုင်းလည်း ဖိနပ်အရွယ်အစား မကြီးမားတာ တွေ့ရပါ တယ်။ ပီတာခရော့စ်နဲ့ အီဗရာဟီမိုဗစ်တို့ဟာ လူကာကူထက် အရပ်အမောင်း ပိုမြင့်ကြပါတယ်။ ဒါပေမယ့် ခြေထောက်အရွယ်အစားမှာတော့ လူကာကူက ပိုပြီး ကြီးနေခဲ့ပါတယ်။

နောက်ထပ် ဖိနပ်အရွယ်အစားကြီးမားတဲ့သူကတော့ ချယ်လ်ဆီး ဂိုးသမား ကော့တွိုက်ပဲ ဖြစ်ပါတယ်။ ကော့တွိုက်ဟာ ဖိနပ်အရွယ်အစား နံပါတ် ၁၁ ကို ၀တ်ဆင်ပြီး ကစားသူ ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့တော့ ကော့တွိုက်ဟာ ဂိုးဖမ်းရာမှာ ခြေထောက်ကို ပိုပြီး အသုံးချလေ့ရှိတာ တွေ့ရပါတယ်။

ကော့တွိုက်ရဲ့ နောက်မှာတော့ မန်ယူကွင်းလယ်လူ ပေါ့လ်ဘာက ဖိနပ်အရွယ်အစား ၉ခွဲနဲ့ ရပ်တည်နေသလို ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုကတော့ ဖိနပ်အရွယ်အစား နံပါတ် ၉ ကို ၀တ်ဆင်ကစား သူဖြစ်ပါတယ်။ဘရာဇီးဘောလုံးသမား နေမာကတော့ ဖိနပ် အရွယ် အစား နံပါတ် ၈ ကို ၀တ်ဆင်သူဖြစ်ပါတယ်။

ဖိနပ်အရွယ်တွေကို ကြီးကြီးမားမားဝတ်ဆင်ရသူတွေထဲမှာတော့ ယခင်က အာဆင်နယ်တိုက်စစ်မှူး ကနူးက ဘောလုံးသမားတွေထဲမှာ ဖိနပ်အကြီးဆုံး ကစားသမား ဖြစ်ပါတယ်။ ကနူးဟာ ဖိနပ်အရွယ်အစား နံပါတ် ၁၅ ကို ၀တ်ဆင်ရသလို ဘောလုံးထိန်းသိမ်းမှုစွမ်းရည်လည်း ထူးချွန်သူ ဖြစ်ပါတယ်။

NN

Leave a Reply