တိုင်းနှင့်​ပြည်​နယ်​များရှိ ​ဆောက်​လုပ်​​ရေးအသင်း​ချုပ်​များပါဝင်​မည့်​ ပြည်​​ထောင်​စုအဆင့်​ အများပိုင်​ကုမ္ပဏီ တည်​​ထောင်​မည်

0
208

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၂၊၂၀၁၈

အစိုးရနှင့်​တိုင်းနှင့်​ပြည်​နယ်​ ၁၄ခုရှိ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းရှင်​အသင်း ချုပ်​များပူး​ပေါင်းပါဝင်​မည့်​ပြည်​​ထောင်​စု အဆင့်​ အများပိုင်​ကုမ္ပဏီ တစ်​ခုကို တည်​​ထောင်​သွားမည်​ဖြစ်​​ကြောင်းမြန်​မာနိုင်​ငံ ​ဆောက်​လုပ်​​ရေးဆိုင်​ရာလုပ်​ငန်းရှင်​များအသင်းချုပ်​မှသိရသည်​။

ပြည်​​ထောင်​စုကိုယ်​စားပြု အများပိုင်​ ကုမ္ပဏီ တည်​​ထောင်​ရန်​အတွက်​ စီမံကိန်းနှင့်​ဘဏ္ဍာ​ရေးဝန်​ကြီးနှင့်​ဆောက်လုပ်ရေးဝန်ကြီး
အပါ အဝင်​ ​တိုင်းနှင့်​ပြည်​နယ်​အသီးသီးရှိ ​ဆောက်​လုပ်​​ရေး လုပ်​ငန်းရှင်​များအသင်းတို့မှမတ်​လ ၆ရက်​​တွင်​ ​နေပြည်​​တော်​၌ ဒုတိယအကြိမ်​​ အစည်းအ​ဝေးကိုကျင်း​ပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းမြန်မာနိုင်ငံ
ဆောက်​လုပ်​​ရေးဆိုင်​ရာလုပ်​ငန်းရှင်​များအသင်းချုပ်​ ဥက္ကဋ္ဌ ဦးသာ​ဌေးမှ ယခုလ ၂၂ရက်​က အဆိုပါအသင်းချုပ်​တွင်​ပြုလုပ်​သည့်​ အထူး အစည်းအ​ဝေးတွင်​ ​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

“ဒီအများပိုင်​ကုမ္ပဏီက တစ်​နို​င်​ငံလုံးမှာရှိတဲ့ ​ဆောက်​လုပ်​​ရေးနဲ့ပတ်​သက်​တဲ့လုပ်​ငန်း​တွေအားလုံးကို အစိုးရနဲ့ ဖက်​စပ်​လုပ်​ကိုင်​ဖို့ အသင်းသူ၊ အသင်းသားများပါဝင်​တဲ့ ပြည်​​ထောင်​စုကိုယ်​စားပြု အများပိုင်​ကုမ္ပဏီကြီး ထူ​ထောင်​ခွင့်​ကိုတင်​ပြတဲ့အခါ ဝန်​ကြီးကလဲ မူအရ ကြိုတင်​သ​ဘောတူခဲ့ပါတယ်​။”ဟု၎င်းက​ပြောသည်​​။

ထိုသို့ အများပိုင်​ကုမ္ပဏီ တည်​​ထောက်ရန်​အတွက်​ ပဏာမ လမ်းညွှန်​ချက်​အရ အစိုးရက ရှယ်​ယာ ၅၁ ရာခိုင်​နှုန်းပါဝင်​ရန်​နှင့်​ ပုဂ္ဂလိကလုပ်​ငန်းရှင်​များက ရှယ်​ယာ ၄၉ ရာခိုင်​နှုန်းပါဝင်​ရန်​ စီစဉ်​ထားပြီး အစိုးရနှင့်​ ပုဂ္ဂလိက ဖက်​စပ်​ တည်​​ထောင်​သွားမည်​ဖြစ်​​ကြောင်းးသိရသည်​။

“တရုတ်​နိုင်ငံကလုပ်​​နေတဲ့ဟာ​တွေကိုအတုယူပြီးကိုယ့်​နိုင်ငံရဲ့စီးပွား​ရေး​တွေကို အစိုးရပါတဲ့ အများပိုင်​ကုမ္ပဏီထူ​ထောင်​မှ​အောင်​မြင်​ပါမယ်​။ မ.ဆ.လ ​ခေတ်​မှာပြည်​သူပိုင်​လုပ်​ငန်းဆိုပြီး​ဆောင်​ရွက်​ခဲ့တာ မ​အောင်​မြင်​ခဲ့ပါဘူး။ပုဂ္ဂလိကလုပ်​ငန်းရှင်​​တွေကို ဦးစား​ပေးတဲ့​ခေတ်​ကိုလဲ​ရောက်​ခဲ့ဖူးပါတယ်​။ ပုဂ္ဂလိကလုပ်​ငန်းရှင်​ တစ်​ဦးချင်းစီကဆယ်​ဂဏာန်းထက်​မများတဲ့ ပုဂ္ဂိုလ်​​တွေပဲ တိုင်းပြည်​ရဲ့ဘဏ္ဍာ​တွေကိုပိုင်​ဆိုင်​သွားပြီး​တော့ ပြည်​သူအများဆုံးက ဆင်းရဲသွားပါတယ်​။ဒါ​ကြောင့်​ကိုယ်​နဲ့အနီးဆုံးဖြစ်​​နေတဲ့ တရုတ်​ပြည်​လိုနိုင်​ငံမျိုးမှာ အစိုးရနဲ့ပုဂ္ဂလိကဖက်​စပ်​လုပ်​ပြီး အောင်​မြင်​သွားတဲ့ အများပိုင်​ ကုမ္ပဏီကြီး​တွေ ​ကိုအတုယူပြီး ကျွန်​​တော်​တို့လဲ အများပိုင်​ကုမ္ပဏီကြီး​ကို မကြာခင်​ထူ​ထောင်​ပါမယ်​။”ဟု ၎င်းကဆက်​လက်​​ပြောဆိုသည်​။

လာမည့်​ မတ်​လ ၆ရက်​​​နေ့တွင်​ အများပိုင်​ကုမ္ပဏီ ထူ​ထောင်​​ရေးကိစ္စရပ်​များနှင့်​ ​ဆောက်လုပ်​​ရေးကဏ္ဍဖွံဖြိုးတိုးတက်​​ရေးကိစ္စရပ်များကို ​ဆွေး​နွေးသွားမည်​ဖြစ်​ပြီး ယခုနှစ်​အတွင်း၌ပင်​ အများပိုင်​ကုမ္ပဏီကြီးကို ထူ​ထောင်​နိုင်​မည်​ဟု​မျှော်​လင့်​ထား​ကြောင်း မြန်​မာနိုင်​ငံ ​ဆောက်​လုပ်​​ရေးဆိုင်​ရာလုပ်​ငန်းရှင်​များအသင်းချုပ်၏ အလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးရဲလင်းက​ပြော
သည်​။

အစိုးရနှင့်​ပုဂ္ဂလိကဖက်​စပ်​ပါဝင်​သည့်​ အများပိုင်​ ကုမ္ပဏီကြီး​ကို ထူ​ထောင်​နိုင်​မည်​ဆိုပါက နိုင်​ငံ​တော်​နှင့်​လုပ်​ငန်းရှင်​များ ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းဖြစ်​​သော​ကြောင့်​ စည်းလုံးညီညွှတ်​မှုပိုမိုရရှိလာမည်​ဖြစ်​ပြီး ပြည်​သူလူထုအတွက်​ ​ကောင်းမွန်​​သော လုပ်​ငန်းများကို ဖန်​တီးလာနိုင်​မည်​ဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply