ဝီရှိုင်းယားကို အမြန်ဆုံး စာချုပ်ချုပ်နိုင်ဖို့ အလိုရှိနေတဲ့ အာစင်ဝင်းဂါး

0
157

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၈

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးဟာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဂျက်ဝီရှိုင်းယားကို စာချုပ်အသစ် အမြန်ဆုံး ချုပ်ဆိုဖို့ ဆန္ဒပြင်းပြနေပါတယ်။

ဝီရှိုင်းယားဟာ အာဆင်နယ်အသင်းမှာ မကြာခဏ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ယမန်နှစ်တွေက အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဘက်အသင်းတွေဆီမှာ အငှားထွက်ကစားခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အဖြစ် အရွေးခံရဖို့အတွက် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

ဝီရှိုင်းယားဟာ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အာစင်ဝင်းဂါးကတော့ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သားကို အသင်းကနေ ထွက်ခွားမသွားဖို့အတွက် စာချုပ် အသစ်ကိစ္စကို အရေးပေါ် ဆွေးနွေးနေခဲ့ပါတယ်။

“ဆုံးဖြတ်ချက်အဖြေကတော့ အတိအကျ ဘာမှ မရှိသေးပါဘူး။ ကျွန်တော် ကတော့ သူ့ကို ခပ်မြန်မြန်လေး စာချုပ်ချုပ်ချင်ပါတယ်။ သူ့ကို စာချုပ်ချုပ်ဖို့ လည်း အမြန်ဆုံး ဆောင်ရွက်နေပါတယ်။ သူရော ကျွန်တော်ပါ ပျော်ရွှင် ရမယ့် စာချုပ်တစ်ခုကို ချုပ်ဖို့ ဆုံးဖြတ်ထားပါတယ်”လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

NN

Leave a Reply