ဓာတုပစ္စည်းများ ဓာတ်ပြုရာမှ မီးလောင်မှုဖြစ်

0
160

မန္တလေး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် ၇၆ လမ်း ၊ ၂၈ လမ်း နှင့် ၂၉ လမ်းကြား အကွက်အမှတ် (၇၂၃) ရှိ “အေဘယ်´´ ဆေးရုံသုံးပစ္စည်း အရောင်းဆိုင် အပေါ်ဆုံးထပ်တွင် ဓာတုပစ္စည်းများ ဓာတ်ပြုရာမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ည(၆)
နာရီ(၁၀)မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းအဆောက်အဦ (၄) ထပ် အပေါ်ဆုံးထပ်တွင် ဓါတုဗေဒဆေးပစ္စည်းများ သိုလှောင်ထားပြီး အလူမီနီယံ ဖော့စ်ဖိုက် (Aluminium Phosphide) များ ဓါတ်ပြု၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၈ သိန်းကျပ်တန်ဖိုးရှိသည့် ဆေးရုံ ဓာတ်ခွဲခန်းသုံး ပစ္စည်း အနည်းငယ်မီးလောင်ခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ယင်းမီးလောင်မှုဖြစ်စဉ် နှင့်ပတ်သက်၍ “အေဘယ်´´ ဆေးရုံသုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးမင်းအောင် (၃၅) နှစ်အား အမှတ် (၈) ရဲစခန်းတွင် (ပ) ၉၃/၂၀၁၈ ၊ မီးနှင့် သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့ခြင်း ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူခဲ့
ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply