က်ပ္သိန္းတစ္ေထာင္နီးပါးတန္ဖိုးရွိေက်ာက္ထုပ္ကို ေကာက္ရသူမွ မူလပိုင္ရွင္ထံျပန္လည္ေပးအပ္

0
195

ဒီဇင္ဘာ ၄၊ ၂၀၁၇။

မႏၲေလးမဟာေအာင္ေျမေက်ာက္မ်က္ရတနာေရာင္း၀ယ္ေရးစခန္းအတြင္း ေကာက္ရခဲ့သည့္ က်ပ္သိန္းတစ္ေထာင္ တန္ဖိုးရွိ ေက်ာက္ထုပ္ကို ေကာက္ရသူေက်ာက္သမားက မူလ ပိုင္ရွင္ထံျပန္လည္ေပးအပ္ခဲ့သည္ ။

ေကာက္ရသည့္ေက်ာက္စိမ္းထုပ္ကို ေက်ာက္ဝိုင္းအက်ိဳးေတာ္ေဆာင္လူႀကီးမ်ားေရွ႕ေမွာက္တြင္ ဒီဇင္ဘာ(၄)ရက္ မြန္းလြဲ(၁၁) နာရီခြဲက ျပန္လည္ေပးအပ္ခဲ့ျခင္းျဖစ္သည္ ။

“ကြ်န္ေတာ္က ေကာက္ရေတာ့ ပိုင္ရွင္အစစ္အမွန္ကို ျပန္ေပးခ်င္တယ္ ။ ဒါ့ေၾကာင့္ ျပန္ေပးရမယ္ဆိုၿပီး တြက္ထားတယ္ ။ မၾကာဘူး ေက်ာက္ေပ်ာက္တဲ့အနားက လူ႐ုန္း႐ုန္းျဖစ္ေတာ့ ေပ်ာက္တဲ့သူကို ေက်ာက္ထုတ္ျပလိုက္တယ္ ။ သူလည္းေပ်ာ္သြားတယ္ ” ဟု ေက်ာက္ထုပ္ေကာက္ရသူ ေက်ာက္သမားတစ္ဦးျဖစ္သည့္ ကိုဆန္းျမင့္ေအာင္ က ေျပာပါသည္ ။

မႏၲေလးၿမိဳ႕ ေျမာက္ျပင္ရပ္တြင္ ေနထိုင္ေသာ ေက်ာက္သမား ကိုဝင္းသူသည္ ဒီဇင္ဘာလ (၂) ရက္ေန႔ က ဖုန္းေျပာေနစဥ္ က်ပ္သိန္း တစ္ေထာင္ နီးပါး တန္ဖိုး႐ွိသည့္ ေက်ာက္ထုပ္ျပဳတ္က်ခဲ့ပါသည္ ။ ျပဳတ္က်သည့္ေက်ာက္ထုပ္ကို မဟာၿမိဳင္(၁) ရပ္ကြက္တြင္ ေနထိုင္ေသာ ေက်ာက္သမားဦးဆန္းျမင့္ေအာင္ႏွင့္ ေဒၚခင္မိုးျမင့္ တို႔က ေကာက္ရခဲ့ျခင္းျဖစ္သည္ ။

“ေက်ာက္ျပန္ရလို႔ စိတ္ထဲေအးသြားရတယ္ ။ ေကာက္ရတဲ့သူက ေက်ာက္သမားမဟုတ္ရင္ တန္ဖိုးမသိေတာ့ ျပန္ေပးဖို႔ မျဖစ္ႏိုင္ဘူး ။ ေနာက္ၿပီးေက်ာက္သမားဆိုရင္လည္း ျပန္ရဖို႔ မလြယ္ဘူး ။ စိတ္ရင္းေကာင္းတဲ့ ကိုဆန္းျမင့္ေအာင္ တို႔နဲ႔ေတြ႕လို႔ ျပန္ရတာ ” ဟု ေက်ာက္ထုပ္ျပဳတ္က်ခဲ့သူ ကိုဝင္းသူက ေျပာသည္ ။

မဟာေအာင္ေျမေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးစခန္းတြင္ ျပဳတ္က်သည့္ ေက်ာက္ထုပ္မ်ား ျပန္ရသည္္မွာ (၃) ႀကိမ္ရွိသြားၿပီျဖစ္ၿပီး ယခုအႀကိမ္မွာ ေငြေၾကးတန္ဖိုးအမ်ားဆံုးျဖစ္ေၾကာင္း သိရသည္ ။

ေကာက္ရသည့္ေက်ာက္ထုပ္ကို ျပန္လည္ေပးအပ္ခဲ့ေသာ ကိုဆန္းျမင့္ေအာင္ကိုလည္း ဂုဏ္ျပဳလက္ေဆာင္မ်ားေပးခဲ့ပါသည္ ။

ႏိုင္လင္းဦး

ဒီဇင်ဘာ ၄၊ ၂၀၁၇။

မန္တလေးမဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်း ကောက်ရခဲ့သည့် ကျပ်သိန်းတစ်ထောင် တန်ဖိုးရှိ ကျောက်ထုပ်ကို ကောက်ရသူကျောက်သမားက မူလ ပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့သည် ။

ကောက်ရသည့်ကျောက်စိမ်းထုပ်ကို ကျောက်ဝိုင်းအကျိုးတော်ဆောင်လူကြီးများရှေ့မှောက်တွင် ဒီဇင်ဘာ(၄)ရက် မွန်းလွဲ(၁၁) နာရီခွဲက ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည် ။

“ကျွန်တော်က ကောက်ရတော့ ပိုင်ရှင်အစစ်အမှန်ကို ပြန်ပေးချင်တယ် ။ ဒါ့ကြောင့် ပြန်ပေးရမယ်ဆိုပြီး တွက်ထားတယ် ။ မကြာဘူး ကျောက်ပျောက်တဲ့အနားက လူရုန်းရုန်းဖြစ်တော့ ပျောက်တဲ့သူကို ကျောက်ထုတ်ပြလိုက်တယ် ။ သူလည်းပျော်သွားတယ် ” ဟု ကျောက်ထုပ်ကောက်ရသူ ကျောက်သမားတစ်ဦးဖြစ်သည့် ကိုဆန်းမြင့်အောင် က ပြောပါသည် ။

မန္တလေးမြို့ မြောက်ပြင်ရပ်တွင် နေထိုင်သော ကျောက်သမား ကိုဝင်းသူသည် ဒီဇင်ဘာလ (၂) ရက်နေ့ က ဖုန်းပြောနေစဉ် ကျပ်သိန်း တစ်ထောင် နီးပါး တန်ဖိုးရှိသည့် ကျောက်ထုပ်ပြုတ်ကျခဲ့ပါသည် ။ ပြုတ်ကျသည့်ကျောက်ထုပ်ကို မဟာမြိုင်(၁) ရပ်ကွက်တွင် နေထိုင်သော ကျောက်သမားဦးဆန်းမြင့်အောင်နှင့် ဒေါ်ခင်မိုးမြင့် တို့က ကောက်ရခဲ့ခြင်းဖြစ်သည် ။

“ကျောက်ပြန်ရလို့ စိတ်ထဲအေးသွားရတယ် ။ ကောက်ရတဲ့သူက ကျောက်သမားမဟုတ်ရင် တန်ဖိုးမသိတော့ ပြန်ပေးဖို့ မဖြစ်နိုင်ဘူး ။ နောက်ပြီးကျောက်သမားဆိုရင်လည်း ပြန်ရဖို့ မလွယ်ဘူး ။ စိတ်ရင်းကောင်းတဲ့ ကိုဆန်းမြင့်အောင် တို့နဲ့တွေ့လို့ ပြန်ရတာ ” ဟု ကျောက်ထုပ်ပြုတ်ကျခဲ့သူ ကိုဝင်းသူက ပြောသည် ။

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် ပြုတ်ကျသည့် ကျောက်ထုပ်များ ပြန်ရသည််မှာ (၃) ကြိမ်ရှိသွားပြီဖြစ်ပြီး ယခုအကြိမ်မှာ ငွေကြေးတန်ဖိုးအများဆုံးဖြစ်ကြောင်း သိရသည် ။

ကောက်ရသည့်ကျောက်ထုပ်ကို ပြန်လည်ပေးအပ်ခဲ့သော ကိုဆန်းမြင့်အောင်ကိုလည်း ဂုဏ်ပြုလက်ဆောင်များပေးခဲ့ပါသည် ။

နိုင်လင်းဦး

Leave a Reply