ချင်းပြည်နယ် တောင်ပိုင်းတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန် လေယာဉ်ကွင်းငယ် တည်ဆောက်မည်

0
159

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၃၊၂၀၁၈

ချင်းပြည်​နယ်​​တောင်​ပိုင်း ရှိ မတူပီခရိုင်၊လိုင်လင်း​ပီမြို့၌တည်​​ဆောက်​မည့်​ မိတာ ၈၀၀ အရှည်​ရှိ​သော ဘက်​စုံသုံး ​လေယာဉ်ကွင်း​ငယ်​ကို ​အ​မေရိ ကန်​​ဒေါ်လာ၂ ဒသမ၂ ဘီလီယံ အကုန်​ကျခံ၍ ​လေ​ကြောင်းဝန်​​ဆောင်​မှု​ပေး​သောအဖွဲ့အစည်းဖြစ်​သည့်​ MAFမှ ​တာဝန်​ယူတည်​​ဆောက်​ သွားမည်​ဖြစ်​​ကြောင်း ယခုလ ၂၃ရက်​က နိုဗိုတယ်​ဟိုတယ်​တွင်​ပြုလုပ်​သည့်​သတင်းစာရှင်းလင်းပွဲမှသိရသည်​။

ဘတ်​စုံသုံး ​လေယာဉ်​ကွင်းငယ်​နှင့်​ပတ်​သက်​​၍ ​မြေကြီးစမ်းသပ်​ခြင်းများ၊ လိုအပ်​သည့်​အရာများကိုယခုနှစ်​ဆန်းပိုင်းမှ စတင်လုပ်​​ဆောင်​​နေပြီဖြစ်​ရာ တည်​​ဆောက်​ခြင်းလုပ်​ငန်း​များကို စက်​တင်​ဘာလအတွင်း စတင်​​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​​သော​ကြောင့်​ ၂၀၂၀ခုနှစ်​ ​မေလအတွင်း တည်​​ဆောက်​​ရေး လုပ်​ငန်း​များ ပြီးစီးနိုင်​မည်​ဟု​မျှော်​လင့်​ထား​ကြောင်း MAFမြန်​မာမှ မြန်​မာနို​င်​ငံဆိုင်​ရာ ညွှန်​ကြား​ရေးမှူး ချက်​ထီလီက​ပြောသည်​။

” ချင်းပြည်​နယ်​မှာ ​လေယာဉ်​ကွင်းမရှိတာ​ရော​ဝေးလံ​ခေါင်​ဖျားတဲ့​ ဒေသ ​တွေကိုဖွံ့ဖြိုးတိုးတက်​​အောင်​လုပ်​ချင်​တဲ့ ရည်​ရွယ်​ချက်​နဲ့ သွားလာရအရမ်းခက်​ခဲတဲ့​နေရာဖြစ်​တာ​ကြောင့်​ ဒီ​နေရာကို​ရွေးချယ်​ခဲ့တာပါ။ MAFအ​နေနဲ့ ဒီချင်းပြည်​နယ်​​တောင်​ပိုင်းမှမဟုတ်​ဘူး ။အခြား တိုင်း​ဒေသကြီးပြည်​နယ်​​တွေမှာပါလိုအပ်​တဲ့​နေရာ​တွေမှာ နိုင်​ငံ​တော်​အစိုးရရဲ့ခွင့်​ပြုချက်​နဲ့လုပ်​​ဆောင်​သွားဖို့ရှိပါတယ်။”ဟု၎င်းက​ပြောသည်​။

ယင်း​​လေယာဉ်​စတင်​​ပြေးဆွဲ​ရာတွင်​လည်းလူဦး​ရေ ၁၀​ယောက်​ ခန့်​စီးနိုင်​သည့်​​လေယာဉ်​စီး​ရေ ၃စီးခန့်​ဖြင့်​​ပြေးဆွဲသွားမည်​ ဖြစ်​ပြီး လိုအပ် ​​ချက်​​ပေါ် မူတည်​၍ ထပ်​မံတိုးချဲ့​ပြေးဆွဲပေးမည်​ဖြစ်​​​ကာ ​အစိုးရခွင့်​ပြု ချက်​ရရှိမှ သာ စတင်​​ပြေးဆွဲမည်ဖြစ်​​ကြောင်းသိ ရသည်​။

မြန်​မာနိုင်​ငံရှိ ပို့​ဆောင်​​ရေးနှင့်​ဆက်​သွယ်​​​ရေးဝန်​ကြီးဌာနလက်​​အောက်​တွင်​ ​လေယာဉ်​ကွင်း​ပေါင်း ၆၉ကွင်းရှိရာ ၃၃ကွင်းသာ လုပ်​ငန်းလည်​ပတ်​လျှက်​ရှိပြီး လေယာဉ်​ကွင်းငယ်​များအပါအဝင်​ ကျန်​ရှိ​သော ကွင်းများမှာ ​လုပ်​ငန်း​လည်​ပတ်​ခြင်းမရှိ​ကြောင်း လေ​ကြောင်းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာန၏ ဒါရိုက်​တာဦး​ကျော်​စိုးက​ပြောသည်​။

“ကျွန်​​တော်​တို့အခု ​လေယာဉ်​ငယ်​​လေး​တွေကို ပျံသန်း​ပြေးဆွဲနိုင်​ဖို့အတွက်​ ​ကွင်းအ​သေး​လေး​တွေကိုပြန်​လည်​ပြု ပြင်​သွားဖို့ ကြိုးစား​နေပါတယ်​။လိုင်​လင်းပီ​လေယာဉ်​ကွင်းငယ်​က​တော့ ကွင်းအသစ်​ဖြစ်​ပါလိမ့်​မယ်​။ချင်းပြည်​နယ်​ကလမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲပြီး ခရီးကြမ်းတဲ့​ဒေသဖြစ်​တယ်​။ရထားလမ်းလဲမရှိဘူး။ရေလမ်းလဲမရှိတဲ့​ဒေသဖြစ်တာ​ကြောင့်​ ​လေ​ကြောင်းပို့​ဆောင်​​ရေးဝန်​​ဆောင်​မှု​ပေးခြင်းဖြင့်​သာ ဒီ​ဒေသရဲ့ ပညာ​ရေး၊ ကျန်းမာ​ရေး နဲ့စီးပွား​ရေးကိုမြှင့်​တင်​နိုင်ဖို့ အ​ထောက်​အကူ​ပေးပါလိမ့်​မယ်​။”ဟု​၎င်းက​ပြောသည်​။

ယင်း​ဒေသတွင်​ ထိုသို့​လေယာဉ်​ကွင်းငယ်​များတည်​​ဆောက်​ခြင်း အားဖြင့်​ Cessna နှင့်​ Twin Otterကဲ့သို့ ​လေယာဉ်​အမျိုးအစားများဆင်းသက်​ ​နိုင်​မည်​ဖြစ်​ပြီး ​ဒေသ၏ ပညာ​ရေး၊ကျန်းမာ​ရေးနှင့်​စီးပွား​ရေးကို မြှင့်​တင်​ရာတွင်​ အ​ထောက်​အကူ​ပေးနိုင်​လိမ့်​မည်​ဖြစ်​​ကြောင်းဦး​ကျော်​စိုး က​ပြော သည်​။

လေယာဉ်​ကွင်းငယ်​တည်​​ဆောက်​ခြင်းအတွက်​အစိုးရ၏ ခွင့်​ပြု ချက်​ကို၂၀၁၇ခုနှစ်​ ဇူလိုင်​လက ရရှိခဲ့ပြီး တည်​​ဆောက်​ခြင်းလုပ်ငန်းများကို
ပို့​ဆောင်​​ရေးနှင့်​ဆက်​သွယ်​​ရေးဝန်​ကြီးဌာန၊​လေ​ကြောင်းညွှန်​ကြားမှုဦးစီးဌာန၏လမ်းညွှန်​မှုဖြင့် လုပ်​​ဆောင်​သွားမည်​ဖြစ်​သည်​။

အဆိုပါ​လေယာဉ်​ကွင်းငယ်​သည်​ ချင်းပြည်​နယ်​၏အလယ်​ပိုင်း ၊ဖလမ်းမြို့ တွင်​ တည်​​ဆောက်​​နေသည့်​​လေဆိပ်​ကို အ​ထောက်​အကူဖြစ်​​စေမည်​ဖြစ်​ပြီး ချင်းပြည်​နယ်​အစိုးရ၏ ၅နှစ်​တာ မဟာဗျူ ဟာအစီအစဉ်​၌ ​ဖော်​ပြထားသည့်
လေယာဉ်​ကွင်းငယ်​များထဲတွင်​ ၁ ကွင်း အပါအဝင်​ဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply