ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၂၂၀ ၀၀၀ နဲ့ စာချုပ်အသစ်ထပ်ချုပ်မယ့် မန်ယူ

0
262

ဖေဖော်ဝါရီ ၂၃ ၊၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသမားဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ ပေးချေကာ ၂၀၂၁ အထိ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒီဂီယာဟာ စပိန်ကလပ် ရီးရဲမက်ဒရစ်ရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး မကြာခဏဆိုသလို ရီးရဲမက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ခံနေရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သော ဆီဗီးလား ၀-၀ မန်ယူပွဲစဉ်မှာ ဒီဂီယာဟာ ဆီဗီးလား တိုက်စစ်မှူး လူးဝစ်မူရီရယ်ရဲ့ အပိုင်ခေါင်းတိုက် သွင်းဂိုးကို အံ့သြဖွယ်ရာ အစွမ်းနဲ့ ပုတ်ထုတ်ကာကွယ်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ ဒီဂီယာဟာ ကမ္ဘာ့အဆင့်တစ် ဂိုးသမားအဖြစ် တစ်ကမ္ဘာလုံးက အကြွင်းမဲ့ ယုံကြည်လက်ခံခဲ့ကြရသလို သူ့အတွက် ၁၆ပွဲဆက်တိုက် ဥရောပပေးဂိုးမရှိစံချိန်ကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အသက် ၂၇ နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အသင်းဟာ ဒီဂီယာကို ခေါ်ယူနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်က အနီဒစပ်ဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သော်လည်း စာချုပ်စာတမ်း နောက်ကျမှုတွေကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။

မန်ယူအသင်းရဲ့ ယခုတစ်ကြိမ်သက်တမ်းတိုးစာချုပ်ကြောင့် ဒီဂီယာကို ရီးရဲမက်ဒရစ်အနေနဲ့ ခေါ်ယူနိုင်ဖို့ မလွယ်ကူနိုင်တော့ပါဘူး။ ဒါကြောင့် ချယ်လ်ဆီးဂိုးသမား ကော့တွိုက်ကို အစားထိုး ခေါ်ယူဖို့အတွက် ရီးရဲမက်ဒရစ်တို့ ဆက်လက်ကြိုးစားဖွယ် ရှိနေပါတယ်။

NN

Leave a Reply