ဘီဘာအိုနဲ့ စပါးတပ်မော်စကိုပွဲစဉ်မှာ ပရိသတ်ရန်ဖြစ်မှုကြောင့် ရဲတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး

0
175

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၈

ယခုတစ်ပတ်ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သော အက်သ လက်တစ်ဘီဘာအိုနဲ့ စပါးတပ်မော်စကိုတို့ရဲ့ ပွဲစဉ်မှာ နှစ်ဖက်ပရိသတ် ရန်ပွဲကြောင့် ရဲတစ်ဦး ဆေးရုံရောက်ခဲ့ပြီး မကြာမီ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ရပါတယ်။

ဘီဘာအိုအသင်းရဲ့ ဆမ်မန်မီးကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဧည့်သည်စပါးတပ်မော်စကိုက အိမ်ရှင်ဘီဘာအိုအသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲကို လာရောက်ကြည့်ရှု့ခဲ့တဲ့ ပရိသတ်တွေဟာ ဓားတွေ တုတ်တွေကို ခိုးယူကိုင်ဆောင်လာခဲ့ပြီး ပွဲကြည့်ဖို့ လက်မှတ်တွေ လည်း ၀ယ်ယူခဲ့ခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။

ဒါ့အပြင်ပရိသတ်တွေဟာ ဘတ်စကွီးမြို့တော်ရဲ့ လမ်းမထက်မှာ ရဲတွေကို နံပါတ်တုတ်တွေနဲ့ ခြိမ်းခြောက်ခဲ့ မှုတွေလည်းရှိခဲ့ပြီး ရဲတပ်ဖွဲ့က ပရိသတ် နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။ သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာ အသက် ၅၁ နှစ်အရွယ်ရှိသူ ဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိချိန်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ပွဲမစတင်ခင်အချိန်မှာ ဖြစ်ခဲ့တဲ့ အဆိုပါရန်ပွဲကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်အထိကို အသုံးပြုခဲ့ပြီး အနည်းဆုံး ပရိသတ် ၅ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဘီဘာအိုနဲ့ စပါးတပ်မော်စကို ပွဲစဉ်ဟာ ပထမအကျော့ စပါးတပ်မော်စကို ကွင်းမှာ ဘီဘာအိုက ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ယခု စပိန်မြေမှာတော့ ရုရှားကလပ်က ၂-၁ နဲ့ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ၄-၃ ရလဒ်နဲ့ ဘီဘာအိုအသင်းဟာ ယူရိုပါလိဂ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင် ခဲ့ပါတယ်။

NN

Leave a Reply