စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၄၄၀ တန်ကြေးရှိသော ၄ နှစ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်တဲ့ ဆာဂျီရောဘတ်တို

0
179

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၈

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဆာဂျီရောဘတ်တိုဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၄၄၀ တန်ကြေးရှိတဲ့ ၄ နှစ်သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ဘာစီလိုနာနဲ့ ထပ်မံချုပ်ဆို လိုက်ပါတယ်။

ဆာဂျီရောဘတ်တိုဟာ မန်ယူ ၊ မန်စီးတီးတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံထားရသူဖြစ်ပြီး ယခုအခါမှာတော့ ဘာစီလိုနာမှာပဲ ဆက်လက် တည်ရှိနေတော့မှာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီမှာ ဆက်နေဖို့ အမြဲတမ်း ဆန္ဒရှိခဲ့ပါတယ်။ ကျွန်တော်ဟာ ကလေးဘ၀ကတည်းက ဘာကာကို အားပေးလာခဲ့တာဖြစ်သလို ဒီကလပ်ဟာ ကျွန်တော့်ရဲ့ဘ၀ပါပဲ။ကျွန်တော့်ကို တခြားအသင်းတွေက စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီမှာပဲ ပျော်ပါတယ်။ အခုစာချုပ်အသစ်ကြောင့် ၂၀၂၂ အထိ ဆက်ရှိနေပါမယ်။ ဘာကာမှာ အကြာကြီး ကစားဖို့ စိတ်ကူးထားပါတယ်”လို့ ဆာဂျီရောဘတ်တိုက ဆိုပါတယ်။

ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာအသင်းအတွက် ယခုနှစ်ဘောလုံး ရာသီမှာ ၃၄ ပွဲ ပါဝင်ကစားထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကိုပါဒယ်ရေးဖလား ၊ စပိန်လာလီဂါအမှတ်ပေးဖလားတွေကို ရရှိဖို့ မျှော်မှန်းထားသူလည်း ဖြစ်ပါတယ်။ သူဟာ မက်ဆီ ၊ အင်နီယေစတာတို့ရဲ့ ခြေရာကို ဆက်ခံနိုင်မယ့် ကစားသမားလို့လည်း သုံးသပ်ခံထားရသူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ခုနှစ် ရုရှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့ အတူ ၀င်ရောက် ကစားနိုင်ဖို့အတွက် ဆာဂျီရောဘတ်တိုက ပစ်မှတ် ထားနေပါတယ်။ သူဟာ အသက် ၁၇ နှစ်အောက် ၊ အသက် ၂၀ နှစ်အောက် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း စပိန်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

“ဘာစီလိုနာမှာ အကောင်းဆုံး ခြေစွမ်းပြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀င်ကစားခွင့် ရဖို့ဟာ ကျွန်တော့်ရဲ့ အဓိက အိပ်မက်ပဲ”လို့ ဆာဂျီရောဘတ်တိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

NN

Leave a Reply