ရန်ကုန်ဘူတာကြီးစီမံကိန်းကို ၈ နှစ်အတွင်းအပြီးတည်ဆောက်မည်

0
169

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃၊၂၁၀၈

ရန်ကုန်မြို့ရှိအောင်ဆန်းအားကစားကွင်းအနီးတွင်​ အ​ကောင် အထည် ဖော်မည့်​ ရန်ကုန်ဘူတာကြီးစီမံကိန်းကို ၈ နှစ်အတွင်း အပြီး တည်ဆောက် မည်​ဖြစ်​​ကြောင်း စီမံကိန်းတင်ဒါအောင်မြင် သည့်​ Central Transport Development Consortium မှ သတင်း ထုတ်ပြန်ထားသည်​။

အဆိုပါ ရန်​ကုန်​မြို့လယ်​ အကြီးဆုံးဘက်စုံစီမံကိန်းတစ်ခုလုံးတွင်
ကြမ်းခင်းဧရိယာ စတုရန်းမီတာ(၁ ဒသမ ၀၉) သန်း ကျယ်ဝန်းမည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂ ဒသမ ၆) ဘီလီယံ ရင်းနှီးမြုပ်နှံမည်​ဖြစ်​သည်​။

ထို့ပြင်​ယင်းစီမံကိန်းတွင်​ဇုန်(၆) ခုပါဝင်မည်ဖြစ်​ကာ အထင်ကရ ညီနောင် တာဝါ ရုံးခန်း အဆောက်အဦများ၊ အိမ်ယာများ၊ ဟိုတယ်များနှင့် ၀န်ဆောင် မှုပါတိုက်ခန်းများ၊အများပြည်သူအတွက်ပန်းခြံနှင့်ပြတိုက်တို့
ပါဝင်မည်ဖြစ်​ကြောင်းသိရသည်​။

လက်​ရှိတွင်​ ဝန်ကြီးဌာနအ​နေဖြင့်​လုပ်​ငန်းဆိုင်​ရာ များကို တင်​ဒါလုပ်​ငန်းအရ ပူး​ပေါင်းလုပ်​ကိုင်​နိုင်​ရန်​အတွက်​ အဖွဲ့ ဖွဲ့စည်းရန်​လုပ်​​ဆောင်​​နေပြီး လုပ်​ငန်းတာဝန်​​ရေးဆွဲပြီးထွက်​ရှိလာပါက ပူး​ပေါင်း​ဆောင်​ရွက်​​ရေးကို လာမည့်​ လတွင်​ စတင်​နိုင်​မည်​ဟုခန့်​မှန်းထား​ကြောင်း မြန်​မာ့ မီးရထား (​အောက်​မြန်​မာပြည်​)မှ အ​ထွေ​​ထွေ မန်​​နေဂျာဦးထွန်း​အောင်​သင်းက​ပြော သည်​​။

ထိုသို့လက်​တွဲပူး​ပေါင်းလုပ်​​ဆောင်​ရာတွင်​ သတ်မှတ်​ချက်​များစွာရှိပြီး နည်းပညာပိုင်း၊ ငွေ​ကြေးပိုင်း၊ စာချုပ်​ကို မည်​ကဲ့သို့ ချုပ်​ဆိုမည် ဟူ​သော အချက်​များပါဝင်​မည်​ဖြစ်​ပြီး စာချုပ်​ချုပ်​ဆို​ရေး အတွက်​ညှိနှိုင်းရာတွင်​ စီမံကိန်း​ အပိုင်းလိုက်​ တစ်​ခုချင်းစီ ညှိနှိုင်းရမည်​ဖြစ်​​ကြောင်းသိရသည်​။

“ကုမ္ပဏီကို နှစ်​ ၅၀လုပ်​ကိုင်​ခွင့်​​ပေးတယ်​။အဲ့​ပေါ်မှာ သူ့တို့ အသုံးချတဲ့ ဧရိယာအလိုက်​​ သူတို့​ပေးရတယ်​။နှစ်​ ၅၀ ပြီးရင်​ နိုင်​ငံ​တော်​ကို အကုန်​လုံး လွှဲ​ပြောင်း​ပေးရမှာဖြစ်​ပါတယ်​။အခုကုမ္ပဏီ​တွေဖွဲ့စည်းမယ်​။ကုမ္ပဏီရဲ့လုပ်​ငန်း တာဝန်​​တွေကို ပြုစုပြီး ထုတ်​ပြန်​မယ်​။ပူး​ပေါင်း လုပ်​​ဆောင် မယ်။ ​ရှေ့လမှာ​တော့ ပူး​ပေါင်းလုပ်​​ဆောင်​နိုင်​မယ်​လို့မှန်းပါတယ်​။”ဟု ၎င်း​က​ပြောသည်​။

ရန်ကုန်မီးရထားဘူတာကြီးဝင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို Central Transport Development Consortium က ဦးစားပေး ညှိနှိုင်းမှုပြုရန် ​ရွေးချယ်ခံရပြီးယင်းစီမံကိန်း မှ ပြည်တွင်း အလုပ် အကိုင်ပေါင်း တစ်သိန်းခန့်ကိုဖန်တီးပေးနိုင်မည်​ကြောင်း အဆိုပါထုတ်​ပြန်​ချက်​တွင်​​ဖော်​ပြထားသည်​။

Central Transport Development Consortium သည်​ လုပ်ငန်းကျွမ်းကျင်သော ကုမ္ပဏီ(၃)ခုကို ​ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ရာ ထိုconsortium တွင်မြန်မာနိုင်ငံမှမင်းဓမ္မကုမ္ပဏီက(၄၀)ရာခိုင်နှုန်း
ရှယ်ယာပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှယ်ယာ(၆၀)ရာခိုင်နှုန်းကို စင်ကာပူ အခြေစိုက်Oxley Holdings ကုမ္ပဏီနှင့်Sino Great Wall ကုမ္ပဏီတို့က (၃၀)ရာခိုင်နှုန်းစီပိုင်ဆိုင်မည်ဖြစ်သည်။

ဝေ​ဝေဖြိုး

Leave a Reply