စစ်တွေမြို့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုဖြစ်ပွား ၊မပေါက်ကွဲသေးသည့် ဗုံးများလည်း တွေ့ရှိ

0
162

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့မနက်ပိုင်း ၄ နာရီ ၁၀ မိနစ်ခန့်က ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးများလည်း တွေ့ရှိခဲ့သည်။

ပေါက်ကွဲသည့် နေရာများသည် ပြည်နယ်အတွင်းရေးမှူး အိမ်ရှေ့ ၊တရားလွှတ်တော်ရှေ့နှင့် ပြည်နယ်မြေစာရင်းရုံး ရှေ့တို့တွင် အချိန်အပိုင်းအခြားဖြင့် ပေါက်ကွဲခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက် မီဒီယာမျာဖြစ်သော နိရဉ္စရသတင်း ဌာန က ရေးသားသည်။

” ပေါက်ကွဲမှုဖြစ်တာဟုတ်ပါတယ်။ အခုလောလောဆယ် အလုပ်တွေရှုပ်နေတယ် ” ဟု ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုနှင့်ပတ်သက်ပြီး လက်ရှိတွင် စစ်တွေဆေးရုံသို့ ဒဏ်ရာ ရသူ ၂ ဦးကို တင်ထားပြီး မစိုးရိမ်ရကြောင်း သိရသည်။

မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကျန်နေသေးကြောင်းလည်း ပြည်နယ်ရဲမှူးကြီး ဦးအောင်မြတ်မိုး က ပြောကြားထားသည်။

သျှင်ရဲထွဋ်

Leave a Reply