(MRCCI) အဖြဲ႕ စည္းမ်ဥ္း ျပင္ဆင္ထားသည့္မူၾကမ္းအသင္းသားမ်ား အတည္ျပဳ

0
216

မႏၲေလး ဒီဇင္ဘာ ၄။ ၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (MRCCI) အဖြဲ႕စည္းမ်ဥ္း ျပင္ဆင္ထားသည့္မူၾကမ္းကို ဒီဇင္ဘာလ (၄) ရက္ေန႔ မနက္ပိုင္းက အသင္းသား အထူးအစည္းအေဝးပြဲ ျပဳလုပ္ၿပီး မဲခြဲဆံုးျဖတ္ကာ အတည္ျပဳခဲ့ပါသည္။အသင္းအဖြဲ႕အစည္းမ်ဥ္း အခန္း(၄) အပိုဒ္(၂၂/ဃ)တြင္ ပါဝင္သည့္ အလုပ္မႈေဆာင္ေဟာင္း ၄၀ ရာခိုင္ႏႈန္းကို အလုပ္မႈေဆာင္အသစ္အဖဲြ႔၌ ျပန္လည္ပါဝင္ရန္ သတ္မွတ္ထားသည့္အပိုဒ္အား ၄၀ရာခိုင္နႈန္း အစား ၂၀ရာခုိင္ႏႈန္းအျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ့သည္။

 

“တကယ္က အသင္းသားေဟာင္းေတြအေနနဲ႔ ပါဝင္သင့္တယ္ ။ ဘာလို႔လဲဆိုရင္ အသင္းသားေဟာင္းေတြက အသင္းရဲ႕အေျခအေနကို အသိဆံုးျဖစ္လို႔ပါ ။ မႏၲေလးတိုင္းမွာ အင္အားအေတာင့္တင္းဆံုးအသင္းမွာ အလုပ္အမႈေဆာင္ေဟာင္းေတြ ၊ အလုပ္အမႈေဆာင္အသစ္ေတြ ေနာက္ၿပီး ညီေနာင္အသင္းကအလုပ္အမႈေဆာင္ေတြေပါင္းၿပီးအလုပ္လုပ္ရင္ မေအာင္ျမင္စရာအေၾကာင္း မရွိဘူး ။” ဟု မႏၲေလးတိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (MRCCI) မွ ယခုလက္ရွိ ဥကၠ႒ ဦးသန္းေအာင္ က ေျပာသည္ ။

မႏၲေလးတိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (MRCCI) ၏ သင္းဖဲြ႕စည္းမ်ဥ္းျပင္ဆင္ႏိုင္ေရးအတြက္ ႏိုဝင္ဘာလ၉ရက္ေန႔တြင္ ၄၀ရာခိုင္ႏႈန္းမွ ၂၅ရာခုိင္ႏႈန္းသို႔ ေျပာင္းလဲသတ္မွတ္ျခင္းကို မဲခြဲခဲ့ေသာ္လည္း ေထာက္ခံမဲ ၃ ပံု ၂ ပံု မျပည့္ေသာေၾကာင့္ ဒုတိယအႀကိမ္ ထပ္မံအတည္ျပဳျခင္းမ်ား ေဆာင္ရြက္ခဲ့ရၿပီး ဒုတိယအႀကိမ္တြင္ ၂၀ ရာခိုင္ႏွုန္းသို႔ေျပာင္းလဲ အတည္ျပဳႏိုင္ခဲ့ျခင္း ျဖစ္ပါသည္ ။

ႏိုင္လင္းဦး

(MRCCI) အဖွဲ့ စည်းမျဉ်း ပြင်ဆင်ထားသည့်မူကြမ်းအသင်းသားများ အတည်ပြု။
ဒီဇင်ဘာ ၄။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အဖွဲ့စည်းမျဉ်း ပြင်ဆင်ထားသည့်မူကြမ်းကို ဒီဇင်ဘာလ (၄) ရက်နေ့ မနက်ပိုင်းက အသင်းသား အထူးအစည်းအဝေးပွဲ ပြုလုပ်ပြီး မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ပါသည်။

အသင်းအဖွဲ့အစည်းမျဉ်း အခန်း(၄) အပိုဒ်(၂၂/ဃ)တွင် ပါဝင်သည့် အလုပ်မှုဆောင်ဟောင်း ၄၀ ရာခိုင်နှုန်းကို အလုပ်မှုဆောင်အသစ်အဖွဲ့၌ ပြန်လည်ပါဝင်ရန် သတ်မှတ်ထားသည့်အပိုဒ်အား ၄၀ရာခိုင်နှုန်း အစား ၂၀ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

“တကယ်က အသင်းသားဟောင်းတွေအနေနဲ့ ပါဝင်သင့်တယ် ။ ဘာလို့လဲဆိုရင် အသင်းသားဟောင်းတွေက အသင်းရဲ့အခြေအနေကို အသိဆုံးဖြစ်လို့ပါ ။ မန္တလေးတိုင်းမှာ အင်အားအတောင့်တင်းဆုံးအသင်းမှာ အလုပ်အမှုဆောင်ဟောင်းတွေ ၊ အလုပ်အမှုဆောင်အသစ်တွေ နောက်ပြီး ညီနောင်အသင်းကအလုပ်အမှုဆောင်တွေပေါင်းပြီးအလုပ်လုပ်ရင် မအောင်မြင်စရာအကြောင်း မရှိဘူး ။” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ ယခုလက်ရှိ ဥက္ကဋ္ဌ ဦးသန်းအောင် က ပြောသည် ။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ၏ သင်းဖွဲ့စည်းမျဉ်းပြင်ဆင်နိုင်ရေးအတွက် နိုဝင်ဘာလ၉ရက်နေ့တွင် ၄၀ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခြင်းကို မဲခွဲခဲ့သော်လည်း ထောက်ခံမဲ ၃ ပုံ ၂ ပုံ မပြည့်သောကြောင့် ဒုတိယအကြိမ် ထပ်မံအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ရပြီး ဒုတိယအကြိမ်တွင် ၂၀ ရာခိုင်နှုန်းသို့ပြောင်းလဲ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည် ။

နိုင်လင်းဦး

Leave a Reply