ဗုံးခွဲမည့် သတင်းကြောင့် တောင်ကုတ်မြို့ တွင်လည်း လုံခြုံရေး တင်းကြပ်

0
187

ရန်ကုန် ဖေဖော်ဝါရီ ၂၄။ ၂၀၁၈

တောင်ကုတ်မြို့တွင်လည်း ဗုံးခွဲမည်ဆိုသော သတင်းများကြောင့် လုံခြုံရေးတင်းကြပ်ထားကြောင်း တောင်ကုတ်မြို့နယ် တပ်နယ်မှူးက ပြောပြချက်အရ သိရသည်။

” လုံခြုံရေးက အရင်လည်း ချထားတယ်။ မနက်က စစ်တွေ ဗုံးခွဲမှုကြောင့် လုံခြုံရေးကို ပိုချထားတယ်။ ဘယ်နေရာတွေ ဘယ်လိုချထား တယ် ဆိုတာတော့ လုံခြုံရေးအရ ပြောလို့မရပါဘူး ” ဟု တောင်ကုတ်မြို့နယ် တပ်နယ်မှူးရုံးမှ ဗိုလ်ကြီးအဆင့် လုံခြုံရေး ယူထားသူက ပဉ္စမလှိုင်း မီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက် နေခြင်းဖြစ်ပြီး မသင်္ကာစရာ လူနှင့် ပစ္စည်းများတွေ့ရှိပါက အကြောင်း ကြား ရန်နှိုးဆော်ထားသည်။

ယနေ့မနက် အစောပိုင်းက ရခိုင်ပြည်နယ် အစိုးရရုံးများစိုက်ရာ စစ်တွေမြို့တွင် အစိုးရရုံးများကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ ပြီး မပေါက်ကွဲသေးသည့် ဗုံး သုံးခု ကိုလည်း တွေ့ရှိခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူ နှစ်ဦး ထိခိုက်ခဲ့ သော်လည်း မစိုးရိမ် ရကြောင်း သိရှိရသည်။

သျှင်ရဲထွဋ်

Photo : Koko Maung

Leave a Reply