MMAကမ္ဘာ့ ရွှေခါးပတ်နှစ်ခုရရှိခဲ့သည့် အောင်လအန်ဆန်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဂုဏ်ပြု

0
184

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ၊၂၀၁၈

သုဝဏ္ဏအားကစားပြိုင်ပွဲရုံတွင် ယမန်နေ့ညပိုင်းကကျင်းပခဲ့သည့် One : Quest For Gold ပြိုင်ပွဲ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် ဘရားဇီးနိုင်ငံသားဂျူဂျစ်ဆုခါးပတ်နက်ရ အဲလက်စ်ဇန်ဒါ မချာဒိုအား ပထမအချီ ၅၆စက္ကန့်တွင် ပွဲသိမ်းခြေကန်ချက်ဖြင့် အလဲထိုး အနိုင်ယူနိုင် ခဲ့သည့် အောင်လအန်ဆန်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဂုဏ်ပြုခဲ့သည်။

မြန်မာအမျိုးသား ကချင်တိုင်းရင်းသားအောင်လအန်ဆန် အနေဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် MMAမစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ရရှိခဲ့ပြီး ယခုအခါ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့ပြီး နိုင်ငံဂုဏ်ကိုထပ်မံမြှင့်တင်နိုင်ခဲ့သည့်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်တပ်မတော်(ကြည်း၊ ရေ၊လေ)အရာရှိ၊စစ်သည် ၊မိသားစုများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ရက်စွဲဖြင့်ဂုဏ်ပြုစာကိုထုတ်ပြန်ခဲ့သည်။

၂၀၁၇ ဇွန်လ ၃၀ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် One Championship မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်ကို အနိုင်ရရှိခဲ့စဉ်က ကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြု စာလွှာပေးပို့ခဲ့ပြီး တပ်မတော် (ကြည်းရေလေ)မိသားစုများကချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ကို အောင်လအန်ဆန်အား ချီးမြှင့်ခဲ့သည်။

လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုထပ်မံရရှိခဲ့သည့် အောင်လအန်ဆန်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ငွေကျပ်သိန်း၂၀၀ချီးမြှင့် ခဲ့ကြောင်းသိရသည်။

ကိုဥာဏ်

Leave a Reply