သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သက်သည့် သုတေသန အစီရင်ခံစာ သံလွင် အဖွဲ့ ထုတ်ပြန်

0
143

ရန်ကုန် ဖေဖော်ဝါရီ ၂၄။ ၂၀၁၈

သံလွင်​(နိုင်​ငံသားစွမ်းရည်​မြှင့်​​တင်​​ရေးအဖွဲ့)က ပြုလုပ်​သည့်​ ​လယ်​ယာ​မြေနှင့်​ အခြား​မြေများသိမ်းဆည်းခံရမှုများ ပြန်​လည်​စိစစ်​​ရေးလုပ်​ငန်းအ​ပေါ် ​လေ့​လောဆန်းစစ်​ခြင်း သု​တေသနအစီရင်​ခံစာ ထုတ်​ပြန်​ပွဲကို ယ​နေ့ ​ဖေ​ဖော်​ဝါရီ ၂၄ ရက်​ ​နေ့လယ်​ပိုင်းက ရန်​ကုန်​မြို့၊ City Star ဟိုတယ်​တွင်​ ပြုလုပ်​ခဲ့သည်​။

သံလွင်​အဖွဲ့သည်​ ၂၀၁၂ စက်​တင်​ဘာတွင်​ စတင်​ဖွဲ့စည်းခဲ့သည့်​အဖွဲ့ အစည်းဖြစ်​ပြီး မြန်​မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုက​ရေစီ အ​လေ့အထများ ပိုမိုဖွံ့ဖြိုး​စေရန်​နှင့်​ အရပ်​ဘက်​လူ့အဖွဲ့အစည်းများ အား​ကောင်းလာ​စေရန်​ ရည်​ရွယ်​ဖွဲ့စည်းထားသည့်​ အဖွဲ့တခုဖြစ်​သည်​။

သံလွင်​အဖွဲ့၏ သု​တေသနအစီရင်​ခံစာကို လယ်​ယာ​မြေနှင့်​ အခြား​မြေများ သိမ်းဆည်းခံရမှုများ ပြန်​လည်​စိစစ်​​ရေးလုပ်​ငန်း​ကော်​မတီ၏ လုပ်​​ဆောင်​ချက်​များ၊ အခက်​အခဲများ၊ အားနည်းချက်​များ၊ ပြဿနာများ ကို ​ဖြေရှင်း နိုင် ​စေရန်​ အဓိက ရည်​ရွယ်​ပြုစုခြင်းဖြစ်​​ကြောင်း သံလွင်​အဖွဲ့ ဒါရိုက်​တာ ဦးသီဟသူက ​ပြောသည်​။

“လယ်​ယာ​မြေ စီမံခန့်​ခွဲ​ရေးနဲ့ပတ်​သက်​တဲ့ အစိုးရပဲဖြစ်​ဖြစ်​၊ လွှတ်​​တော်​ကိုယ်​စားလှယ်​ပဲဖြစ်​ဖြစ်​ ဒါနဲ့ပတ်​သက်​သိရှိပြီး လမ်း​ကြောင်းမှန်​တခု ကို ​ပြောင်းလဲနိုင်​​အောင်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ပါ” ဟု ၎င်းက ​ပြောသည်​။

ထုတ်​ပြန်​လိုက်​သည့်​ အစီရင်​ခံစာတွင်​ အဓိက အခန်း ၅ ခန်းပါဝင်​ပြီး လယ်​ယာ​မြေနှင့်​ အခြား​မြေများသိမ်းဆည်းခံရမှုများ ပြန်​လည်​စိစစ်​​ရေး​ကော်​မတီ၊ ​မြေသိမ်းခံ​တောင်​သူများ၊ ​မြေယာအ​ရေး​ဆောင်​ရွက်​​နေ​သော အဖွဲ့ အစည်းများ စသည့်​အခန်းတို့ကို ​အ​သေးစိတ်​တင်​ပြထားသည်​ကို ​တွေ့ရ သည်​။

နိဂုံးပိုင်းတွင်​လည်း သက်​ဆိုင်​ရာအဖွဲ့အစည်းအသီးသီးသို့ အကြုံပြု ထားချက်​များကိုလည်း ​ဖော်​ပြထားသည်​။

ယခုအစီရင်​ခံစာသည်​ ဧရာဝတီတိုင်း​ဒေသကြီးတစ်ခုတည်းကို အဓိကထား ပြုလုပ်​ထားခြင်းဖြစ်​​သော်​လည်း တစ်တိုင်းပြည်​လုံး အ​နေအထားကို ထင်​ဟပ်​​ကြောင်း၊ အစီရင်​ခံစာတွင်​ အဆင့်​ဆင့်​​သော ​ကော်​မတီဝင်​များ၊ အရပ်​ဖက်​အဖွဲ့အစည်းများ၊ ​ဒေသခံပြည်​သူတို့၏ အသံများ ပါဝင်​​နေ​သော​ကြောင့်​ တာဝန်​ရှိသူများအ​နေဖြင့်​ အ​လေးထား​စေချင်​​ကြောင်း ဦးသီဟသူ က ​ပြောသည်​။

သျှင်ရဲထွဋ်

Leave a Reply