ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်အနှောင့်အယှက်ဖြစ်ဟု ရခိုင်ဝန်ကြီးချုပ် ဆို

0
181

နေပြည်တော် ဖေဖော်ဝါရီ ၂၄ ၂၀၁၈

ရခိုင်ပြည်နယ်တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပြည်နယ် တည်ငြိမ် အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

“ဒီလိုဖြစ်နေတာတော့မကောင်းဘူးလေ။ကျွန်တော်တို့ပြည်နယ်မှာက သိတဲ့ အတိုင်းလေ။တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိုလုပ်နေတယ်။အဲ့ဒီအချိန်မှာတစ်ခုပြီးတစ်ခုဖြစ်နေတဲ့အခါကျတော့ကိုယ်လုပ်ချင်တဲ့တည်ငြိမ်အေး ချမ်းရေးနဲ့ဖွံ့ဖြိုးမှုက အများကြီး အနှောင့်အယှက် ဖြစ်တာ ပေါ့။ပြည်သူတွေ အတွက်လည်းအများကြီးအခက်အခဲဖြစ်တာပေါ့။အဲ့ဒီအတွက်လည်း စိတ်မကောင်းဘူး” ဟု ဦးညီပု ကပြောသည်။

နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရာ စည်ပင် ဧည့်ရိပ်သာဝန်းအတွင်းတွင်ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ် သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏မေးမြန်းမှုအား ဝန်ကြီးချုပ်မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မနက်ပိုင်း က ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးများလည်း တွေ့ရှိခဲ့ကြောင်းသိရှိရသည်။

ထိုဖြစ်စဉ်များကြောင့် လုံခြုံရေတိုးမြှင့်ချထားပြီး စစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်းနှင့် တရားခံများဖမ်းဆီးရမိရေးအတွက်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှပြောကြားခဲ့သည်။

ယဉ်ကေနွယ်

Leave a Reply