သီရိလင်္ကာသို့ ​ရေ​ဘေးအကူအညီအတွက်​ ဆန်​တန်​ချိန်​ ၃၀၀ လှူဒါန်း

0
166

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၄၊၂၀၁၈

သီရိလင်္ကာနိုင်ငံတွင်​ ​မေလအတွင်းကမိုးရွာသွန်းခဲ့မှု​ကြောင့်​ ​ရေကြီး​ရေလျှံ
ဖြစ်​ပွားရာ​ဒေသများအတွက်​​ ​ရေ​ဘေးအကူအညီအဖြစ်​ အလယ်​အလတ်​အရည်​အ​သွေးရှိသည့်​ဆန်​တန်​ချိန်​ ၃၀၀ ကို ယခုလ ၂၄ရက်​က ဒဂုံဆိပ်​ကမ်း​မြို့နယ်​၊သရက်​ပင်​​ချောင်း​ကျေးရွာအုပ်​စုရှိ ပင်​လယ်​ကိုးသွယ်​ ဆန်​စက်​အမှတ်​ ၃၉၈တွင်​ မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှ လှူဒါန်းခဲ့ခြင်း
ဖြစ်​သည်​။

မြန်​မာနိုင်​ငံအ​နေဖြင့်​ သီရိလင်္ကာနိုင်​ငံနှင့်​ အစိုးရချင်းသာမက ပုဂ္ဂလိက ကဏ္ဍများတွင်​လည်း ဆက်​ဆံ​ရေးများတိုးမြှင့်​၍ ပူး​ပေါင်း​ဆောင်​ရွက်​လို​ပြီး ထိုသို့ပူး​ပေါင်း​ဆောင်​ရွက်​​မှုသည်​ မြန်​မာ-သီရိလင်္ကာ နှစ်​နိုင်​ငံ ဆက်​ဆံ​ရေး တိုးတက်​​ရေးနှင့်​ ကုန်​သွယ်​မှုတိုးမြှင့်​​ရေး အလားအလာ​ကောင်းများ ​ဆောင်​ရွက်​နိုင်​မည်​ဟုယုံကြည်​​ကြောင်း စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာသန်းမြင့်​က​ပြောသည်​။

“သီရိလင်္ကာရဲ့အခက်​အခဲကို ကျွန်​​တော်​တို့အ​နေနဲ့ တစ်​တပ်​တစ်အားက ကူညီ​ဖြေရှင်း​ပေးနိုင်​တဲ့အတွက်​ အထူးပဲဝမ်းသာမိပါတယ်​။ကျွန်​​တော်​တို့အ​နေနဲ့ နှစ်​နိုင်​ငံ ကုန်​သွယ်​မှုလုပ်​ငန်း​​တွေနဲ့ရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း​တွေ တိုးတက်​ဖို့အတွက်​ ပူး​ပေါင်း​ဆောင်​ရွက်​လိုပါတယ်​။”ဟု၎င်းက​ပြောသည်​​။

သီရိလင်္ကာနိုင်​ငံရှိ သဘာဝ​ဘေးအန္တရာယ်​များစီမံခန့်​ခွဲသည့်​ ဝန်ကြီး ဌာနမှတဆင့်​ လူသားချင်းစာနာ​ထောက်​ထားသည့်​ အ​ထောက်​အကူ ပစ္စည်းများဖြန့်​​ဝေ​ပေး​သော အစီအစဉ်​မှ ထိခိုက်​နစ်​နာမှုရှိ​သည့်​ ပြည်​သူများကို ဆက်​လက်​ဖြန့်​ဝေ​ပေးသွားမည်​ဖြစ်​​ကြောင်း သီရိလင်္ကာ နိုင်​ငံ သံအမတ်​ကြီး K.W.N.D .Karunaratna က​ပြောသည်​။

ထိုသို့ပို့​ဆောင်​ရာတွင်​ နိုင်​ငံ​တော်​အစိုးရက ရန်​ကုန်​ဆိပ်​ကမ်းမှ သီရိလင်္ကာနိုင်​ငံရှိ ပိုလန်​ပိုဆိပ်​ကမ်း​ထိသွားမည့်​ သ​င်္ဘောခများကို ကုန်ကျခံပြီးမြန်​မာနိုင်​ငံ ဆန်​စပါးအသင်းချုပ်​က ဆန်​တန်​ဖိုး ကျပ်​သိန်း​ပေါင်း ၁၈၀၀ ခန့်​ကို ကျခံ​ခြင်း​ဖြစ်​​ကြောင်း အဆိုပါအသင်းချုပ်​မှ အ​ထွေ​ထွေ အတွင်း​ရေးမှူး ဦးရဲမင်း​အောင်​က​ပြောသည်​။

သီရိလင်္ကာ နိုင်​ငံတွင်​၂၀၁၇ခုနှစ်​အတွင်း ​ရေကြီး​ရေလျှံမှုများ ဖြစ်​​ပေါ်ခဲ့မှု​ခဲ့ပြီး လူဦး​ရေ၂၀၀​ကျော်ခန့် သေဆုံး၍ ၆သိန်း​ကျော်ခန့် အိမ်ရာမဲ့ဖြစ်ပွား ခဲ့​သော​ကြောင့်​ မြန်​မာနို​င်​ငံက တက်​နိုင်​သည့်​ဘက်​မှကူညီ​ ပေးခဲ့ခြင်းဖြစ် ​သည်​။

ယခုဘဏ္ဍာနှစ်​အတွင်း မြန်​မာ-သီရိလင်္ကာ နှစ်​နိုင်​ငံ၏ ကုန်​သွယ်​မှု ပမာဏသည်​ အ​မေရိကန်​​ဒေါ်​လာ (၃၆)သန်း​ကျော်​ရှိပြီး နှစ်​နိုင်​ငံကုန်​သွယ်​မှုပမာဏမှာ တစ်​နှစ်​ထက်​တစ်နှစ်​ပိုမိုတိုးတက်​လာ​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply