လျှပ်စစ် Generation ကို သုံးနှစ်အတွင်း supply နှစ်ဆ တိုးအောင် ​ဆောင်ရွက်မည်

0
172

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၄၊၂၀၁၈

လျှပ်စစ်Generationကိုသုံးနှစ်အတွင်းsupplyနှစ်ဆတိုးအောင် ​ဆောင်
ရွက် သွားဖြစ်​​ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က​ပြောသည်​။

ယခုလ ၂၄ရက်​က ကုန်​သည်​စက်​မှုအသင်းချုပ်​၍ပြုလုပ်​​သော လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များနှင့် အခက်အခဲများ တွေ့ဆုံဆွေး နွေးပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​​ကြောင်း​ကုန်​သည်​စက်​မှုအသင်းချုပ်​မှသိရသည်​။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလုံလောက်စွာ ရရှိရေးကို မြန်မာပြည်သူလူထု၊ အိမ်နီးချင်းနိုင်ငံ နှင့် FDI များကလည်း လိုလားကြပြီး အလုပ်အကိုင် အခွင့် အလမ်းတွေပိုမိုရရှိမည်​ဖြစ်​​သော​ကြောင့်​ လျှပ်စစ်နှင့်စွမ်းအင်အတွက် အစိုးရက တတ်နိုင်သမျှကို ဖြေရှင်းပေးမည်​ဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

“Transmissionကိုလည်း မြှင့်တင်ပါတယ်။ မြန်မာပြည်မှာ လျှပ်စစ် ထွက်ရှိတဲ့နေရာကနေ သုံးစွဲတဲ့အထိ သုံးသပ် တွက်ချက်ပါတယ်။ ထွက်ရှိရေးနှင့် ပို့လွှတ်ရေး နှစ်ခုလုံးကို တစ်ပြိုင်နက်တည်းစဉ်းစားပါတယ်။
တချို့အပိုင်းကိုတော့PublicPrivatePartnership(PPP)နဲ့ ​ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးက​ပြောသည်​။

လျှပ်စစ်နှင့်​စွမ်းအင်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရသို့ တင်ပြခြင်းနှင့်​ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နေသော Stake holder များနှင့် စုဖွဲ့ထားသည့်​ လျှပ်စစ်နှင့်​စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ အဖွဲ့ကို ကုန်သည်စက်မှုအသင်းချုပ်တွင်​ ဖွဲ့စည်းထားရှိပြီး ဖြစ်​​ကြောင်းသိရသည်​။

“Myanmar International Institute for Energy and Electricity ကို Think Tank ပုံစံမျိုးတစ်ခု ဖွဲ့ဖို့ရှိပါတယ်။ ဌာနဆိုင်ရာမှာ ကျွမ်းကျင်သူ ပညာရှင်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်သူများ နဲ့ Local Stake Holder တွေ ပေါင်းပြီး အချက်အလက်များ ပြည့်ပြည့်စုံစုံရရှိဖို့ အဖွဲ့အစည်း တစ်ခု ဖွဲ့ဖို့ရှိပါတယ်၊ Think Tank International Centre ဖွင့်ဖို့လည်း ဆောင်ရွက်ဖို့ရှိပါတယ်။” ဟု လျှပ်စစ်နှင့်​စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က​ပြောသည်​။

အဆိုပါ ​​တွေ့ဆုံ​ဆွေး​နွေးပွဲတွင်​ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ များနှင့် စက်မှုဇုန်လုပ်​ငန်းရှင်​များမှ ၎င်းတို့၏ လိုအပ်ချက်များ ကို တင်ပြ ခဲ့​ကြောင်း ကုန်​သည်​ စက်​မှုအသင်းချုပ်​မှသိရသည်​။

ယင်း​ဆွေး​နွေးပွဲကို စက်မှုဖွံ့ဖြိုးရေးကနေတဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ရည်​ရွယ်ပြုလုပ်​ခြင်းဖြစ်​ပြီး အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင် ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်ဆိုင်ရာမှ တာဝန်ရှိသူများ၊ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် စက်မှုဇုန်ဥက္ကဋ္ဌများ တက်ရောက်ခဲ့​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply