မာရှယ်ရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်နေတဲ့ စပါးအသင်း

0
141

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၈

အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်သော တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ရဲ့ စာချုပ်အခြေအနေကို လေ့လာစောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မာရှယ်ဟာ ၂၀၁၉ မှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး စပါးအသင်းအနေနဲ့ မော်ရင်ဟိုရဲ့ ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်တဲ့ မာရှယ်ကို စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့ ရောင်းထုတ်မယ့် ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဖိအားများစွာနဲ့ ရုန်းကန်နေရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မာရှယ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ စပါးနဲ့ အင်တာမီလန်တို့က ထိပ်ဆုံးက ပါဝင်နေပြီး ယူနိုက်တက်နဲ့ မာရှယ်ရဲ့ ဆက်ဆံရေးကို ဆက်တိုက် စောင့်ကြည့်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီဈေးကွက်မှာ အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ အဆိုပါ ခေါ်ယူမှုကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ပြင်သစ်ကစားသမား မာရှယ်ဟာ မကြာမီ အချိန်အတွင်း ယူနိုက်တက်ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သုံးသပ်လျှက်ရှိပါတယ်။

NN

Leave a Reply