အေစီမီလန်ဂိုသမား ဒွန်နာယူမာ ကို အပြိုင်လုကြမယ့် ချယ်လ်ဆီးနဲ့ PSG

0
183

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းနဲ့ PSG အသင်းတို့ဟာ အေစီမီလန်အသင်းရဲ့ အီတလီ လက်ရွေးစင်ဂိုးသမား ဒွန်နာယူမာကို ခေါ်ယူနိုင်ဖို့အတွက် အပြိုင်အဆိုင်ကြိုးစားဖွယ်ရှိနေပါတယ်။

ပြင်သစ်ဘီလူးလို့ ဈေးကွက်မှာ နာမည်ကြီးနေတဲ့ PSG ဟာ လာမယ့် နွေရာသီဈေးကွက်မှာ နာမည်ကြီး ဂိုးသမားတစ်ယောက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အဆိုပါ ဂိုးသမားကတော့ ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ဒွန်နာယူမာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကော့တွိုက်ဟာ အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ငြင်းဆန်ထားပြီး ချယ်လ်ဆီးအသင်းမှာ ရေရှည်နေထိုင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ စပိန်ကလပ် ရီးရဲမက်ဒရစ်ဟာ ကော့တွိုက်ကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်နေတာကြောင့် ချယ်လ်ဆီးဟာ ဂိုးသမားအသစ်တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပထမဦးစားပေး ပစ်မှတ်ဟာ အေစီမီလန်ဂိုးသမား ဒွန်နာယူမာဖြစ်ပါတယ်။ ယခုအခါ PSG အသင်းကလည်း အဆိုပါ ဂိုးသမားကို စိတ်ဝင်စားနေတဲ့အတွက် ချယ်လ်ဆီးတို့အနေနဲ့ အခက်တွေ့ဖွယ် ရှိနေပါတယ်။

NN

Leave a Reply