ရောဘတ်လီဝန်ဒေါစကီးကို ပြောင်းရွှေ့ကြေး ပေါင် ၁၃၂ သန်းနဲ့ ခေါ်ယူမယ့် ရီးရဲမက်ဒရစ်

0
149

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၈

၇ီးရဲမက်ဒရစ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကို ပြောင်းရွှေ့ကြေး ပေါင် ၁၃၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ရဲ့ ကစားသမားကို မရောင်းဘူလို့ ဆိုလိုက်ပါတယ်။

ဥရောပ သတင်းတွေရဲ့ ဖော်ပြမှုအရ လီဝန်ဒေါစကီးဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲမက်ဒရစ်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၃၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။

ပိုလန်နိုင်ငံရဲ့ သတင်းစာရဲ့ ဖော်ပြမှုများအရ ရီးရဲမက်ဒရစ်ဟာ နေမာကို ခေါ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆွေးနွေးနေပြီး သဘောတူညီမှု ရမယ့် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ ဆိုထားပါတယ်။

ယခုနှစ် ဘောလုံးရာသီဟာ ရီးရဲမက်ဒရစ်အတွက် အလွန်ဆိုးရွားတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်နေပါတယ်။ ရီရဲမက်ဒရစ်အသင်းဟာ ရလဒ်ပိုင်းဆိုးရွားမှုတွေကို ကုစားနိုင်ဖို့အတွက် အသက် ၂၉ နှစ်အရွယ် ပိုလန်ဂိုးသွင်းဘုရင် လီဝန်ဒေါစကီကို ဘာနေဗျူးကွင်းသို့ ရောက်အောင် ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ လီဝန်ဒေါစကီးကို အသင်းမှာ ဆက်ထိန်းထားဖို့ စီစဉ်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ထိပ်တန်းကစားသမားတွေကို ရောင်းစားနေတဲ့ အသင်းမဟုတ်သလို ထိပ်တန်းကစားသမားတွေဟာ ဘိုင်ယန်မြူးနစ်အတွက်သာ ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ ဟေးနက်က ဆိုပါတယ်။

NN

Leave a Reply