ဘောလီးဝုဒ် သရုပ်ဆောင် စတီးဒေဝီ နှလုံးရောဂါဖြင့် ကွယ်လွန်

0
211

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၈

အိန္ဒိယ ဘောလီးဝုဒ် မင်းသမီး စတီးဒေဝီ ဟာ အသက် ၅၄နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ဆိုပါတယ်။

စတီးဒေဝီဟာ ပြီးခဲ့တဲ့စနေနေ့က ဒူဘိုင်းနိုင်ငံကို မိသားစု မင်္ဂလာပွဲအတွက် သွားရောက်ခဲ့ပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅၀ခန့်ကို ရိုက်ကူးခဲ့ပြီး Mr India၊ Chandni၊ ChaalBaaz နဲ့ Sadma ဇာတ်ကားတွေဟာ သူ့ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေ ဖြစ်ပါတယ်။

သူဟာ စနေနေ့ညမှာ တူဖြစ်သူရဲ့ မင်္ဂလာဆောင်ကို ခင်ပွန်း ၊ သမီးဖြစ်သူတို့နဲ့အတူ တက်ရောက်ခဲ့ပြီး အဆိုပါ မင်္ဂလာပွဲအပြီး စနေနေ့ ညမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ကွယ်လွန်မှုသတင်းကြောင့် အိန္ဒိယ ဘောလီးဝုဒ် သရုပ်ဆောင်တွေဟာ ဝမ်းနည်းကြောင်း တွစ်တာမှတဆင့် ရေးသားခဲ့သလို အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကလည်း ဝမ်းနည်းကြောင်း တွစ်တာကတဆင့် ရေးသားခဲ့ပါတယ်။

စတီးဒေဝီ ဟာ Tamil၊ Telugu၊ Malayalam၊ Kannada နဲ့ Hindi ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဘောလီးဝုဒ် ရဲ့ ကြယ်ပွင့်သရုပ်ဆောင် မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။

BBC

MM

Leave a Reply