ဦးဝီရသူကိုအ​ရေးယူရန်​ နှိုး​ဆော်​သည့်​ သတင်းစာ ရှင်းလင်းပွဲပျက်

0
169

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၈

ဆရာ​တော်​ဦးဝီရသူအားအ​ရေးယူရန်​သံဃာ​တော်​များအားနှိုး​ဆော်​သည့်​ သတင်းစာရှင်းလင်းပွဲကို ဦး​ဆောင်​ပြုလုပ်​မည့်​စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယ လာ​ရောက်​ရန်​အခက်​အခဲရှိခြင်း​ကြောင့်​ သတင်းစာရှင်းလင်းပွဲပျက်​ပြယ်​ပြီး ​ရွှေ့ဆိုင်း လိုက်​​ကြောင်း အဓမ္မ၀ါဒီဆန့်​ကျင်​​ရေးကွန်​ရက်​မှ ကိုမြတ်​​ကျော်​က ​ပြောသည်​။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ရန်​ကုန်​မြို့၃၄လမ်းရှိ မြန်​မာဂျာနယ်​လစ်​ကွန်​ရက်​ရုံးခန်းတွင်​ယ​နေ့​နေ့လယ် ၂နာရီတွင်​ ပြုလုပ်​ရန်​ စီစဉ်​ထားခြင်းဖြစ်​ပြီး အမျိုးဘာသာသာသနာ​စောင့်​ ​ရှောက်​သူ သံဃာနှင့်​လူဦး​ရေ၁၀၀နီးပါးခန့်​လာ​ရောက်​ခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်​ရန်​အခက်​အခဲရှိလာ​ကြောင်း ကိုမြတ်​​ကျော်​က​ပြောသည်​။

“ ဘာ​ကြောင့်​မလုပ်​ဖြစ်​​တော့လဲဆိုတာခင်​ဗျားတို့မီဒီယာ​တွေလည်းမြင်​​နေတာပဲ မြင်​တဲ့အ တိုင်းသာ​ရေးကြပါ ´ ဟု ကိုမြတ်​​ကျော်​က​ပြော သည်​။

သတင်းစာရှင်းလင်းပွဲတွင်​ မြန်​မာနိုင်​ငံ၏တရားဥပ​ဒေစိုးမိုး​ရေးကိုမြတ်​နိုး​သော ၊ ဗုဒ္ဓသာဿနာသန့်​ရှင်း မှုကိုလိုလား​သောနိုင်​ငံသူ နိုင်ငံသားအားလုံး ကြွ​ရောက်​ရန်​ဖိတ်​ကြားခြင်း​ကြောင့်​ ​ရောက်​ရှိလာခြင်းဖြစ်​​ကြောင်း မ​ကွေးတိုင်းပွင့်​ဖြူမြို့နယ်​မှကြွ​ရောက်​လာသည့်​ ဆရာ​တော်​ဦးမာမဂ္ဂက​ပြောသည်​။

“တရားဥပ​ဒေစိုးမိုး​ရေးဆိုတာကိုဦးဇင်းတို့မ​ပြောလိုဘူး။ သာဿနာ​တော်​သန့်​ရှင်း​ရေးဆိုတာ လူ​တွေနဲ့မဆိုင်​ဘူး မီဒီယာ​တွေနဲ့လည်းမဆိုင်​ဘူး သာဿနာ​တော်​သန့်​ရှင်း​ရေးကိစ္စသည်​ သာဿနာပိုင်​ဆရာ​တော်​​တွေရှိတယ်​ နိုင်​ငံ​တော်​သံဃမဟာနာယက ၄၇ပါး ရှိပါတယ်​ ။ဆရာ​တော်​ များ​ဖြေရှင်းရမယ့်​ကိစ္စဖြစ်​ပါတယ်​ ။အဲ့တာကိုဦးဇင်း တို့ကသိချင်​တယ်​ ဒါ​တွေကိုသိချင်​လို့လာတယ်​ အခုကျမှပျက်​ပြယ်​ပါတယ်​ဆိုပြီး​တော့ သံဃာကိုဖိတ်​ပြီး​တော့နှိပ်​စက်​ရာလည်းကျပါတယ်​ ညှင်းဆဲရာလည်းကျပါတယ်​ ဒုက္ခ​ပေးရာလည်း​ရောက်​ပါတယ်​´´ ဟုဦးမာမဂ္ဂက မိန့်​ကြားသည်​။

သတင်းစာရှင်းလင်းပွဲပြုလုပ်​မည့်​ အရှင်ဣဿရိယ အားရှင်းလင်းပွဲမပြုလုပ်​မှီရက်​ပိုင်းကခြိမ်း​ခြောက်​မှုများရှိ​နေ​ကြောင်းသတင်းများထွက်​​ပေါ်ခဲ့သည်​။

သတင်းစာရှင်းလင်းပွဲကို ​တော်​၀င်​နှင်းဆီတွင်​ပြုလုပ်​မည်​ဟု ​ကြေငြာထားခဲ့​သော်​လည်း ပျက်​ပြယ်​ခဲ့ကာ မြန်​မာဂျာနယ်​လစ်​ကွန်​ရက်​ရုံးခန်းတွင်​​ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်​သည်​။

ကိုဥာဏ်

Leave a Reply