မူဆယ် ၁၀၅ မိုင်တွင် အသံမိုင်း ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူ မရှိ

0
179

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၆။ ၂၀၁၈

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နယ်မြေ ၃ မိုင်းယုကျေးရွာတွင် ယမန်နေ့ ည ၁၁နာရီ ၁၀ မိနစ်၌ ဒေသန္တရလက်လုပ် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

” ကမ္ဘောဇ သီင်္ဂီသီလရှင်ကျောင်းနားက လမ်းဆုံအနီးမှာ ပေါက်ကွဲတာပါ။ ထိခိုက်ဒဏ်ရာ ရသူမရှိပါဘူး။ အနီးနားရှိတဲ့ အိမ်ခေါင်းမိုး အစွန်းလေး အနည်းငယ်ပဲ ထိခိုက်ခဲ့တာပါ။ ” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အသံမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိသေးကြောင်းလည်း ရဲအရာရှိက ဆက်လက်ပြောကြားသည်။

သျှင်ရဲထွဋ်

Leave a Reply