လွှတ်တော်အား ဒရုန်းလွှတ်တင်ရိုက်ကူးရန် ပြုလုပ်သည့် အမှုမှ တရားခံများကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေများ စစ်ဆေး
0
187
နေပြည်တော်ဒီဇင်ဘာ ၄ ။ ၂၀၁၇။
နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအား ဒရုန်းလွှတ်တင်ရိုက်ကူးရန် ပြုလုပ်ခဲ့သည့် အမှုမှ တရားခံများကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဇဗ္ဗူသီရိမြို့ နယ်တရားရုံး၌ ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီးတရားလိုပြသက်သေများအားစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
၎င်း ၄ ဦးမှာ စင်္ကာပူနိုင်ငံသားသတင်းထောက်တစ်ဦး ၊ မလေးရှား နိုင်ငံသူသတင်းထောက်တစ်ဦးအပါအ၀င် စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်းတဦး တို့ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့က လွှတ်တော်အနီးတွင်ဒရုန်းလွှတ်တင်ပျံသန်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရကြောင်းသိရှိရသည်။
ယဉ်ကေနွယ်(နေပြည်တော်)
နေပြည်တော်ဒီဇင်ဘာ ၄ ။ ၂၀၁၇။ေ
နပြည်တော်ရှိ လွှတ်တော်အဆောက်အဦအား ဒရုန်းလွှတ်တင်ရိုက်ကူးရန် ပြုလုပ်ခဲ့သည့် အမှုမှ တရားခံများကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဇဗ္ဗူသီရိမြို ့နယ်တရားရုံး၌ ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီးတရားလိုပြသက်သေများအားစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
“အမှု ၂ မှုရှိတဲ့အနက် အဓိကအမှုဖြစ်တဲ့ဒရုန်းကို ဥပဒေမဲ့သွင်းတယ်ဆိုတဲ့ ပို့ကုန်သွင်းကုန် ဥပဒေ ၈ အရစွဲတဲ့အမှုကို စစ်ပါတယ်။ ဒီအမှုဟာ ကြားဖြတ် ကိစ္စတခုနဲ့ ရပ်ထားတဲ့အမှုလည်းဖြစ်ပါတယ်။ တရားလို ကို စစ်နေတုန်းမှာ ဒရုန်းလွှတ်တင်မှုနဲ့ အပြစ်ပေးထားတယ်ဆိုတာ ဒီအမှုကြီးကို ပိတ်သိမ်းလိုက်ဖို့ ကျွန်တော်တို့က ရုံးကိုလျှောက်တင်ပါတယ်။ ဒီလျှောက်လွှာကို ရုံးက ပယ်လိုက်တဲ့အတွက် တရားလိုကို ကျွန်တော်တိို့ အပြန်အလှန်ဆက်စစ်တော့ နဲနဲ ကွဲလွှဲမှုတွေရှိနေပါတယ်“ ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ကပြောသည်။
အဆိုပါ အမှု အတွက် လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့ကို ရုံးထုတ်စစ်ဆေးမှုပြုလုပ်ရန် တရားရုံးမှ ပြန်လည်ချိန်းဆိုထားခဲ့ ကြောင်း သိရှိရသည်။
နိုင်ငံခြားသားသတင်းထောက် ၂ ဦးကို ပြီးခဲ့သည့် နို၀င်ဘာ ၂၇ ရက်နေ့က လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁)ဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က တရားရုံးမှ လေကြောင်းအက်ဥပဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ်၂ လစီကျခံစေရန် အဆိုပါ ၄ ဦးကို အမိန့်ချမှတ်ခဲ့ပြီး လက်ရှိ၌ သွင်းကုန် ပို့ကုန် ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ တို့ကို တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
၎င်း ၄ ဦးမှာ စင်္ကာပူနိ်ုင်ငံသားသတင်းထောက်တစ်ဦး ၊ မလေးရှား နိုင်ငံသူသတင်းထောက်တစ်ဦးအပါအဝင် စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်းတဦး တို့ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့က လွှတ်တော်အနီးတွင်ဒရုန်းလွှတ်တင်ပျံသန်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရကြောင်းသိရှိရသည်။
ယဉ်ကေနွယ်(နေပြည်တော်)
Leave a Reply