အာဆင်နယ်ကို ဂိုးပြတ်သွင်းပြီး ဖလားတစ်လုံး ရယူသွားတဲ့ မန်စီးတီး

0
158

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၈
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်း ဖလားဗိုလ်လုပွဲမှာ မန်စီးတီး အသင်းဟာ အာဆင်နယ်အသင်းကို ၃ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယခုဖလားဟာ မန်စီးတီးအတွက် ယခုနှစ် ဘောလုံးရာသီမှာ ရရှိတဲ့ ပထမဆုံး ဖလားဖြစ်ခဲ့သလို နည်းပြ ဂွာဒီယိုလာအတွက်လည်း အင်္ဂလန်မြေမှာ ပထမဆုံးရတဲ့ ဖလားတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဝင်ဘယ်လေကွင်းမှာ ကစားခဲ့ကြတဲ့ ယခုပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဂိုးသမားနေရာမှာ အိုစပီနာကိုပွဲထွက်စေခဲ့ပြီး နောက်တန်းမှာ ချိန်ဘာ ၊ မူဆာဖီ ၊ ကိုစီယမ်နီ ကွင်းလယ်မှာ ဘယ်လာရင် ၊ ဇာခါ ၊ မွန်ရီရယ် ၊ ရမ်ဆေး နဲ့ ရှေ့တန်းမှာတော့ အူဘာမီရန် ကိုအထောင်ထားပြီး အိုဇေးနဲ့ ဝီရှိုင်းယားတို့က နောက်ချန်နေရာကနေ ကစားခဲ့ပါတယ်။

မန်စီးတီးကလည်း ဂိုးသမားနေရာမှာ ဘရာဗိုလ် ၊ နောက်တန်းမှာ ဝေါလ်ကာ၊ ကွန်ပနီ ၊ အိုတာမန်ဒီ ၊ ဒယ်နီလို ကွင်းလယ်မှာ ဒေးဗစ်ဆေးလ်ဗား ၊ ဖာနန်ဒင်ဟို ၊ ဂမ်ဒိုဂန်၊ ရှေ့တန်းမှာတော့ အဂူရို ၊ ဒီဘရိုင်း နဲ့ ဆာနေးတို့ ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ မန်ယူကနေ ခေါ်ခဲ့တဲ့ ကွင်းလယ်ကစားသမား မစ်ခိတာရန် ကို ယခုဗိုလ်လုပွဲမှာ အသုံးမပြုနိုင်ခဲ့တဲ့အတွက် ကွင်းလယ်ပိုင်းမှာ အားနည်းခဲ့ရပါတယ်။ မစ်ခိတာရန်ဟာ ကာရာဘောင်းဖလားပြိုင်ပွဲကို မန်ယူနဲ့ ကစားထားတဲ့အတွက် ကစားသမားတစ်ယောက်ဟာ ဖလားလုပွဲတစ်ခုမှာ အသင်းနှစ်သင်းအတွက် ပွဲထွက်ခွင့်မရှိတာကြောင့် မပါနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပွဲစတာနဲ့ ဆာနေး ၊ ဒီဘရိုးတို့ရဲ့ တောင်ပံတွေကနေ တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာတော့ အဂူရိုက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့ပါတယ်။ ပထမပိုင်း ၄၅မိနစ် ပြီးဆုံးချိန်မှာတော့ မန်စီးတီး က ၁- ၀ ရလဒ်နဲ့ ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ၅၈မိနစ်မှာ ကွန်ပနီ၊ ၆၅မိနစ်မှာ ဒေးဗစ်ဆေးလ်ဗား တို့က အနိုင်ဂိုးတွေ အသီးသီး သွင်ယူခဲ့ကြတဲ့အတွက် ၃- ၀ ရလဒ်နဲ့ မန်စီးတီး တို့ အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲအနိုင်ကြောင့် မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ အင်္ဂန်မြေမှာ ပထမဆုံး ဆုတံဆိပ်တစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

NN

Leave a Reply