အမိုးနီးယား ယိုစိမ့်မှုကြောင့် ပတ်ဝန်းကျင်နေ လူ (၂၅) ဦး မူးဝေအော့အန်မှုဖြစ်ပွား

0
179

မန္တလေး၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံ ဘုန်းတော်တိုးရပ်ကွက်အတွင်းရှိ မိဘမေတ္တာရေခဲစက် မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွားသည့်အတွက် ယင်းရေခဲစက်အနီးနေထိုင်သူ (၂၅) ဦး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က မူးဝေအော့အန်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေးဌာန က သိရသည်။

ထိုသို့ မူးဝေအော့အန်မှုဖြစ်သည့်အတွက် မန္တလေးမြို့အထွေထွေ ရောဂါကုဆေးရုံသို့ ဆေးကုသမှုခံယူခဲ့ပြီး မစိုးရိမ်ရသည့်အတွက် ညတွင်းချင်းဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

“ကျွန်တော်တို့ စည်ပင်ကော်မတီဝင် တွေကလည်း ဆရာဝန်တွေ ဖြစ်နေတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပေးတယ်။ ဖြစ်တဲ့ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုလုပ်တော့ အနံ့ကျန်နေသေးတဲ့အတွက် ရပ်ကွက်ဓမ္မာရုံမှာပဲ အိပ်ခိုင်းလိုက်တယ် ။ အကုန် ဘာမှ အသက် အန္တရာယ် မဖြစ်ကြပါဘူး ။´´ ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမိုးနီးယားယိုစိမ့်မှုဖြစ်ပွားခဲ့သည့် မိဘမေတ္တာရေခဲစက်ကို ပိတ်သိမ်းရန်ညွှန်ကြားထားပြီး ပြန်လည် ဖွင့်လှစ်မည်ဆိုပါက သက်ဆိုင်ရာ ဌာနများဖြစ်သည့် စည်ပင် သာယာရေး ကော်မတီ ၊ ထွေ/အုပ် ၊ သဘာဝပတ်ကျင်ထိန်းသိမ်းရေးဦးဌာန စသည့် ဌာနများက ဝင်ရောက်စစ်ဆေးကာ ယင်းဌာနများ၏ ခွင့်ပြုချက်ရမှ ပြန်လည်ဖွင့်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

photo – စိုးတင့်အောင်

Leave a Reply