ကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
156

မန္တလေး၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မယ်ဇလီကန်ကျေးရွာ ရွာအဝင် ဇရပ်တွင် နားနေသူများထံမှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျပ်သိန်း ၅၁၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရမည်းသင်းမြို့မှ သာစည်မြို့သို့ ဈေးဝယ်လာပြီး မယ်ဇလီကန်ကျေးရွာ ရွာအဝင်ဇရပ်တွင် ခေတ္တရပ်နားထားသော သန်းထိုက် (၂၅) နှစ် မခင်နှင်းဆီ (၃၈) နှစ်တို့ အား ရှာဖွေစစ်ဆေးရာ မခင်နှင်းဆီ ကိုင်ဆောင် ထားသော ပလပ်စတစ်ခြင်းတောင်းအတွင်း လွယ်အိတ်ဖြင့်ထည့်လျက် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများတွေ့ရှိခဲ့သည်။

ထိုသို့ စစ်ဆေးရခြင်းသည် သတင်းပေးတိုင်ကြားလာ သည့် အတွက် ဖြစ်ပြီး ၄င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀) ပြားစီပါ (၁၀) ထုပ်စည်း (၈) ထုပ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀) ပြား စီပါ (၅) ထုပ်စည်း (၁) ထုပ် စုစုပေါင်းဆေးပြား ၁၇၀၀၀ ပြား (ဒေသ ပေါက်ဈေး တစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် သိန်း ၅၁၀ ကျပ်ခန့်) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ သန်းထိုက်နှင့် မခင်နှင်းဆီတို့ကို သာစည် မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုင်လင်းဦး

Leave a Reply