ချင်းတွင်းသင်္ကြန်​​ရေကစားပွဲ​တော်​ကို ပထမဆုံးအကြိမ် ကျင်းပမည်

0
134

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၆၊၂၀၁၈

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ဦး​ဆောင်မှုဖြင့်​ချင်းတွင်းသင်္ကြန်
ရေကစားပွဲ​တော်​ကို မုံရွာမြို့ ၊ချင်း​တွင်းမြစ်​ကမ်း​ဘေး ဇက်​ဆိပ်​အနီးရှိ သဲ​သောင်​ပြင်​​ပေါ်၌ ဧပြီလ ၁၁ ရက်​မှ ၁၇ ရက်​အထိ ပထမဆုံးအကြိမ်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း စစ်​ကိုင်းတိုင်းဒေသကြီးအစိုးရ
အဖွဲ့ မှသိရသည်​။

မြန်​မာနိုင်​ငံ၏ ယဉ်​​ကျေးမှုအ​မွေအနှစ်​များကို ​ဖော်​ထုတ်​ပြသရန်​နှင့်​ ခရီးသွားလုပ်​ငန်းများ​ဖိတ်​​ခေါ်ရန်​အတွက်​ အဆိုပါပွဲ​တော်​ကို စည်​ကားသိုက်​မြိုက်စွာကျင်းပသွားမည်​ဖြစ်​​ကြောင်းစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊မုံရွာ၏ ညွှန်​ကြား​ရေးမှူး ဦး​ကျော်​ဝင်းလှိုင်​က​ပြောသည်​။

“ကျွန်​​တော်​တို့မုံရွာမှာ အရင်​နှစ်​​တွေက​တော့ ပုံမှန်​အတိုင်း တိုင်း​ဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်​တို့နဲ့ မြို့လယ်​​ခေါင်​မှာလုပ်​ကြတာပါ။ဒီနှစ်​က​တော့ ထူးထူးခြားခြားအ​နေနဲ့ ဝန်​ကြီးချုပ်​ကိုယ်​တိုင်​ဦးစီးပြီး ခရီးသွားလုပ်​ငန်းကို ဖိတ်​​ခေါ်ချင်​တာဖြစ်​တဲ့အတွက်​ တခြားနှစ်​​တွေနဲ့မတူတဲ့ သင်္ကြန်​ရက်​ခံစားမှုကိုရရှိ​အောင်​လို့လုပ်​မှာဖြစ်​ပါတယ်။” ဟု၎င်းက​ပြောသည်​။

ပွဲ​တော်​ ၇ရက်​အတွင်း စီးပွား​ရေးလုပ်​ငန်းရှင်​များနှ့င့်​ အ​သေးစားနှင့်အလတ်​စား စွန့်​ဦးတီထွင်​လုပ်​ငန်းများအ​နေနှင့်​ သနပ်​ခါး၊​ကျောက်​စိမ်းနှင့်​ပယင်း စသည့်​​ဒေသတွင်း ယဉ်​​ကျေးမှုဆိုင်​ရာ ထုတ်​ကုန်​များ၊အမှတ်​တရ ပစ္စည်း များနှင့်​ အစားအ​သောက်​များကို ခင်းကျင်းပြသ​ရောင်း​ချသွားမည်​ဖြစ်​​ပြီး
သဲ​ပန်း​ပုပြကွက်​များနှင့်​ Paramotor ​ခေါ် ​ကျောပိုးစက်​ကို အသုံးပြု ၍ ​လေထီးဖြင့်​ ပျံသန်းခြင်းပြကွက်​များလည်း ပါဝင်​မည်​ဖြစ်​​ကြောင်း သိရသည်​။

“ကျွန်​​တော်တို့အ​နေနဲ့စစ်ကိုင်းတိုင်း​ဒေသကြီးရဲ့ဖွံဖြိုးတိုးတက်​ ​နေမှု ​တွေ၊
ကြွယ်​ဝ​ပေါများလှတဲ့ ကျွန်​​တော်​တို့ရဲ့ ရိုးရာအ​မွေအနှစ်​နဲ့ ဓ​လေ့​တွေ ကို ဒီပွဲ​တော်​ကြီးက​နေတဆင့်​ ​ဖော်​ထုတ်​ပြသသွားမှာဖြစ်​ပါတယ်​။သင်္ကြန်​ကာလဆိုတာ မြန်​မာနို​င်​ငံရဲ့ လှပပြီးအဓိပ္ပါယ်​ရှိလှတဲ့ တန်​ဖိုးအနှစ်​သာရ​တွေကို ထုတ်​​ဖော်​ပြသဖို့ အသင့်​​တော်​ဆုံး အချိန်​အခါသမယတစ်​ခုဖြစ်​တဲ့အပြင်​ လူငယ်​​တွေအတွက်​လည်း​ပျော်​ရွှင်​စိတ်​လှုပ်​ရှားစရာ
အစီအစဉ်​​တွေကို ဖန်​တီး​ပေးဖို့ အ​ကောင်းဆုံးအချိန်​ဖြစ်​တဲ့အတွက်​ နို​င်​ငံတကာနဲ့ပြည်​တွင်းက ခရီးသွားဧည့်​သည်​​တွေအ​နေနဲ့ ဒီပွဲကြီးကို အတူတကွလာ​ရောက်​ဆင်​နွှဲပြီး ကျွန်​​တော်​တို့ရဲ့ရိုးရာဓ​လေ့​တွေ၊ ထုတ်​ကုန်​​တွေကို ကြည့်​ရှု့ခံစားဖို့ ဖိတ်​​ခေါ်လိုပါတယ်​”ဟုစစ်ကိုင်းတိုင်း ​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်​နိုင်​က​ပြောသည်​။

အဆိုပါချင်းတွင်းသင်္ကြန်​​ရေကစားပွဲ​တော်​သည်​ စစ်​ကိုင်းတိုင်း​ဒေသကြီး အတွင်း ပြည်​တွင်းနှင့်​ နိုင်​ငံတကာမှခရီးသွားများဝင်​​ရောက်​မှု ပိုမိုမြင့်​တက်​​လာ​စေရန်​အ​ထောက်​အကူပြု နိုင်​မည်​ဖြစ်​ပြီး ခရီးသွားဧည့်​သည်​များ စိတ်​ဝင်​စားမှု ပိုမိုမြင့်​တက်​လာ​စေရန်​နှင့်​​ဒေသတွင်းရှိ ပြည်သူလူထုဘဝ ပိုမိုအဆင့်​မြင့်​မားလာ​စေရန်​ ​ ရည်​ရွယ်​ကျင်းပခြင်းဖြစ်​​​ကြောင်းသိရသည်​။

ဒေသထွက်ကုန်ပစ္စည်းများပြသမည့်​ပြခန်းများလည်းပါဝင်မည်​ဖြစ်​​သော
ကြောင့်လက်​ရှိတွင်​ မြန်​မာနို်င်​ငံ ဝါးလုပ်​ငန်းရှင်​များအသင်းမှ စဉ့်​အိုး၊ ယွန်းထည်၊​ငွေထည်များလာ​ရောက်​ပြသရန်အဆင်သင့်​ဖြစ်​ ​နေပြီဖြစ်
ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply