လီဗာပူးလ်မှာ လာကစားချင်တယ်ဆိုတဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်လူ

0
150

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဒယ်နီ စီဘယ်လ်လော့ဟာ လာမယ့်နွေရာသီမှာ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာပြီး အင်္ဂလန်ကလပ် လီဗာပူးလ်အသင်းမှာ လာရောက်ကစားချင်တယ်လို့ ဆိုပါတယ်။

အဆိုပါ စပိန်လက်ရွေးစင် ကစားသမားဟာ ဇန်န၀ါရီ အပြောင်း အရွှေ့ကတည်းက အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်က ငြင်းဆန်ခဲ့တာကြောင့်သာ အစီအစဉ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

စီဘယ်လ်လော့ဟာ အသက် ၂၁ နှစ်အောက် စပိန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ဥရောပလူငယ်ဖလားပွဲမှာ ထွန်းတောက်လာခဲ့သူ ဖြစ်ပြီး ဥရောပ ကလပ်အသင်းများရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ ရီးရဲဘက်တစ်အသင်းကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းရဲ့ လက်အောက်မှာ ၇ ပွဲသာ ပွဲထွက်ခွင့် ရထားခဲ့ပါတယ်။

ဒါ့ကြောင့် စီဘယ်လ်လော့ဟာ လူငယ်ကစားသမားတွေကို နေရာပေးရာမှာ ထူးချွန်တဲ့ ဂျာကင်ကလော့ရဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့နိုင် ဖို့အတွက် စိတ်အား ထက်သန်နေခြင်း ဖြစ်ပါတယ်။

NN

Leave a Reply