ချယ်လ်ဆီးကိုအနိုင်ရတဲ့ပွဲမှာ အရာအားလုံးကို မျှတစွာ သုံးသပ်သွားတဲ့ မော်ရင်ဟို

0
144

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၈

တနင်္ဂနွေညက ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်ပရီးမီးယားလိဂ့်ွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ကွန်တီရဲ့ ချယ်လ်ဆီးအသင်းကို (၂-၁)နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ မန်ယူနည်းပြ မော်ရင်ဟိုက အရမ်းကောင်းတဲ့ အသင်းတစ်သင်းကို သူတို့အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ပြိုင်ပွဲရဲ့ အပေါ်မှာလည်း မျှတစွာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးတို့ဟာ ပထမပိုင်းမှာ ၀ီလီယံရဲ့ ဦးဆောင်ဂိုးနဲ့ ပြိုင်ပွဲကို စတင်ဦးဆောင်ခဲ့သော်လည်း မန်ယူတိုက်စစ်မှူး လူကာကူရဲ့ ချေပဂိုးကြောင့် ပထမပိုင်းမှာ သရေဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လူစားဝင် ကစားသမား လင်ဂတ်က လူကာကူဖြစ်တင်ပေးတဲ့ ဘောလုံးကို ခေါင်းတိုက်ပြီး ဂိုးသွင်းခဲ့လို့ (၂-၁)နဲ့ အိမ်ရှင်အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ တကယ်ကောင်းတဲ့ အသင်းကို အနိုင်ရခဲ့တာပါ”လို့ မော်ရင်ဟိုက ဆိုပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးချန်ပီယံအသင်းဖြစ်ပြီး ယခုတစ်ပတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘာစီလိုနာကို အကောင်းဆုံး ကစားထားတဲ့ အသင်းဖြစ်ကြောင်း ၊ မန်ယူနဲ့ ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းဟာ ပွဲစတင်ကတည်းက အကောင်းဆုံး ကစားလာခဲ့ကြောင်း မော်ရင်ဟိုက ပြောပါတယ်။

“အရမ်းကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့လို့သာ အနိုင်ရခဲ့တာပါ ။အသင်းသားတွေအားလုံး တိုက်ပွဲဝင် စိတ်အပြည့်နဲ့ ကစားခဲ့ကြပါတယ်။ အထူးသဖြင့် ချယ်လ်ဆီးရဲ့ ဟာဇက်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၀ီလီယံကတော့ အံ့သြစရာ ကောင်းတဲ့ ကစားသမားပါ။ သူ့ဂိုးဟာ ကျွန်တော်တို့အားလုံးကို သေစေ လောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အသင်းသားတွေဟာ ပြိုင်ပွဲမှာ ကျွန်တော် မှာကြားတဲ့အတိုင်း ကစားခဲ့သလို ပွဲကို ခက်ခက်ခဲခဲ ကစားပြီး ထိန်းချုပ်နိုင်ခဲ့လို့သာ အနိုင်ရခဲ့တာပါ”လို့ မော်ရင်ဟိုက ဆိုပါတယ်။

မန်ယူအသင်းဟာ ယခုပွဲကိုအနိုင်ရရှိခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီးကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ရမှတ် ၃ မှတ် ကျဉ်းမြောင်းစေခဲ့ပါတယ်။

NN

Leave a Reply