တိုင်း​နှင့်​ပြည်​နယ်​ ၁၀ ခုတွင်​လမ်းအန္တရာယ်ကင်းရှင်း​ရေး လုပ်​ရှားမှု လုပ်​​ဆောင်​မည်

0
199

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၂၆၊၂၀၁၈

လမ်းအန္တရာယ်​ကင်းရှင်း​ရေး အသိပညာ​ပေးလှုပ်​ရှားမှုများကို National Energy Puma Aviation Services (NEPAS)နှင့်​FXB International တို့ပူး​ပေါင်း၍ တိုင်းနှင့်​ပြည်​နယ်​ ၁၀ ခုတွင်​လုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်း ယခုလ ၂၆ရက်​က ​တောင်​ဒဂုံမြို့နယ်​ရှိ အမျိုးသားအနုပညာနှင့်​ ယဉ်​​ကျေးမှု
တက္ကသိုလ်​တွင်​ ပြုလုပ်​သည့်​ မြန်​မာတစ်​နို​င်​ငံလုံးအနှံ့ လမ်းအန္တရာယ်​ကင်းရှင်း​ရေးလှုပ်​ရှားမှုများ စတင်​ခြင်းအခမ်းအနား မှသိရသည်​။

ယင်းသို့ အသိပညာ​ပေးလှုပ်​ရှားမှုများကို ယခုနှစ်​မှ စတင်​လုပ်​​ဆောင်​သွားမည်​ဖြစ်​ပြီး ကချင်​ပြည်​နယ်​၊ရှမ်းပြည်​နယ်​၊ရခိုင်​ပြည်​နယ်​၊ရန်​ကုန်​တိုင်း​ဒေသကြီး၊မန္တ​လေးတိုင်း​ဒေသကြီး၊တနသာင်္ရီတိုင်း​ဒေသကြီး၊ ​နေပြည်​​တော်​ စသည့်​​နေရာများ၌ ၃နှစ်​အတွင်း ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“လမ်းအန္တရာယ်​ဖြစ်​မှု​ကြောင့်​ ​သေဆုံးရခြင်းဟာတိုင်း ပြည်​မှာရှိတဲ့ ပြည်​သူပြည်​သား​တွေနဲ့ လူငယ်​​တွေအတွက်​ အဓိကခြိမ်း​ခြောက်​​နေတဲ့ အန္တရာယ်​ဖြစ်​ပါတယ်​။ဒါ​ကြောင့်​လဲ ​ကျေးလက်​​ဒေသများက ရပ်​​/ကျေး​ခေါင်း​ဆောင်​​တွေ​ကို FXBက ပညာ​ပေး​ဖျော်​​ဖြေတဲ့ပုံစံနဲ့ ​သေချာရှင်းလင်း​လေ့ကျင့်​​ပေးပြီးအဓိက​ပေးရမယ်​ ကိုယ့် သတင်းစကား​တွေ ​ကျောင်း​တွေအပြင်​ သူတို့နဲ့သက်​ဆိုင်ရာ​ဒေသခံ​တွေကို တဆင့်​ပြန်​လည်​မျှ​ဝေ​ပေးဖို့ လုပ်​​ဆောင်​တာဖြစ်​ပါတယ်​။”ဟု FXB International Myanmar ၏ မြန်​မာနိုင်​ငံတာဝန်​ခံ ဒါရိုက်​တာ ​ဒေါက်​တာ ​ဒေါ်​ချိုချိုမာ​ကျော်​က​ပြောသည်​။

ယင်းလှုပ်​ရှားမှုများကို မူလတန်း၊အလယ်​တန်းနှင့်​အထက်​တန်း​ကျောင်းများ၊သက်​​မွေးဝမ်းပညာသင်​​ကျောင်းများ၊စက်​ဘီးနှင့်​​မော်​​တော်​ဆိုင်​ကယ်​ပစ္စည်းအ​ရောင်းဆိုင်​များ၊ဘုန်းကြီး​ကျောင်းများနှင့်​ အခြားလူစု​ဝေးရာအရပ်​များတွင်​ ​မော်​​တော်​ဆိုင်​ကယ်​ဦးထုပ်​များနှင့်​ ​ရောင်​ပြန်​ပါဝင်​​သော ​ကျောင်းသုံး​ကျောပိုးအိတ်များ၊​ရောင်​ပြန်​ဦးထုပ်​များ၊​ရောင်​ပြန်​စလွယ်​ကြိုးများ၊​ရောင်​ပြန်​​သော့ချိတ်​များနှင့်​စတစ်​ကာများကို အခမဲ့​ဝေငှသွား
မည်​ဖြစ်​​​ကြောင်းသိရသည်​။

ထို့ပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း များကို ကလေးသူငယ်များနှင့်ကျောင်းသား လူရွယ်များကို အဓိကထား၍ ပညာပေးဟောပြောပွဲများပြုလုပ်ပြီးသရုပ်ပြ
ဖျော်ဖြေမှုများလည်း ပါဝင် ပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်​များအတွင်း မြန်​မာပြည်​တွင်း၌ ယာဉ်​အစီး​ရေတိုးတက်​များပြားလာသည်​နှင့်​အမျှ ယာဉ်​မ​တော်​တဆမှုများ​ကြောင့်​ အသက်​ဆုံးရှုံး မှုများလည်း များပြားလာသည့်​အတွက်​ ယခုကဲ့သို့ ပညာ​ပေးလှုပ်​ရှားမှုအစီအစဉ်​များကို ကုမ္ပဏီများက ငွေ​ကြေးစိုက်​ထုတ်​လုပ်​​ဆောင်​လာခြင်းမှာကောင်းမွန်​​သောကိစ္စရပ်​ဖြစ်
ကြောင်းရန်​ကုန်​တိုင်း​ဒေသကြီး သယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်​ကွပ်​ကဲမှုအာဏာပိုင်​အဖွဲ့မှ အတွင်း​ရေးမှူး ​ဒေါက်​တာ​မောင်​​အောင်​က​ပြောသည်​။

အဆိုပါလှုပ်​ရှားမှုများကို NEPAS က ​ငွေ​ကြေးစိုက်​ထုတ်​၍ FXB International မှ လက်​​တွေ့လုပ်​ငန်းများလုပ်​​ဆောင်​ခြင်းဖြစ်​ပြီး လမ်း​လျှောက်​သူများ
နှင့်​ စက်​ဘီး၊ဆိုင်​ကယ်​အစရှိသည့် အ​နှေးယာဉ်​များ လမ်း​ပေါ်​တွင်​ အန္တရာယ်​ကင်းစွာ ပြုမူ​ရေး၊တာဝန်​သိတတ်​​ရေး၊​မော်တော်ကားမောင်းနှင်စီးနင်းသူများ
မဟုတ်သည့် လမ်းအသုံးပြုသူများအတွက် ရောင်ပြန်ပါဝင်သော ပစ္စည်းများ ဖြန့်ဝေပေးခြင်းအားဖြင့် ထိုသူများအား ကားမောင်းနှင်သူများက ပိုမိုမြင်သာစေပြီး
လုံခြုံမှုပိုရှိစေရန်အတွက်​ အဓိက ရည်​ရွယ်​​ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply