ဂျိုးဖြူရေတွင်ရေဆိုးပါဝင်ကြောင်းလွန်ခဲ့သည့်၂၅နှစ်က စစ်ဆေးတွေ့ရှိသည့်ကိစ္စနှင့်ပတ်သက်၍ ပြောဆိုမှု အပေါ် အသည်းရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာခင်မောင်ဝင်းမှသတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းခြင်း

0
199

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၈

မေး။ ။ အာရှအသည်းညီလာခံ မှာပြောခဲ့တဲ့ဂျိုးဖြူရေ တွေထဲ မစင်ပါနေတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့အကြောင်းလေး ဘာကြောင့်ဖြစ်တာလဲဆိုတာလေးသိပါရစေရှင့်။

ဖြေ။ ။အဓိကပြောချင်တာ ကတော့ ၅ကြိမ်မြောက် မြန်မာ နိုင်ငံဆရာဝန်အသင်း အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းရောဂါအဖွဲ့အစည်းအဝေးမှာဆရာပြောလိုက်တဲ့ အချက်အလက်တစ်ချို့ကိုအဓိပ္ပာယ်ကောက် လွဲမှားပြီးတော့တစ်မျိုး တွေပြောတော့ဆရာ့အပေါ်မှာ ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်။ တစ်ကယ်တော့ပြောတဲ့အတိုင်းအမှန်တိတိကျကျပြောဖို့ လိုပါတယ်။တစ်ကယ်တော့အစည်းအဝေးမှာ အသည်းရောင် အသားဝါရောဂါ အကြောင်းမေးလို့ဆရာက အသည်းရောင်အသားဝါရောဂါပိုးတွေမှာ Aနဲ့Eရောဂါပိုးတွေကရေကကူးတာ Bနဲ့Cကတော့သွေးကကူးတာ Aရယ်Eရယ်မှာ Aပိုးကအစားအသောက်ကနေကူးစက်မှုများပြီး Eပိုးကဆိုရင်သောက်ရေထဲကို materialတွေ မစင်တွေအများ ကြီး ဝင်တဲ့အခါမှာဖြစ်လေ့ရှိတယ် လို့ပြောပြီး ဖြစ်လေ့ရှိတာကလည်းဆရာတို့အနေနဲ့လွန်ခဲ့တဲ့၂၅နှစ် ၁၉၉၃ခုနှစ်က ဆေးသုတေသနနဲ့ဂျပန် နိုင်ငံNihon University တွဲဖက်သုတေသန ပြုတာနဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။အဲ့မှာ သတင်းတင်ပြတော့တစ်မျိုးဖြစ်သွားတယ်။ ယနေ့ခေတ်ယနေ့ရန်ကုန်မြို့ မှာရေထဲမှာဝင်နေလို့
ဒေါက်တာခင်မောင်ဝင်း အသည်းကနေပြီး တော့ ရေသန့်သောက်ဖို့ ရည်ရွယ်ပြီး တော့ပြောတယ်ဖြစ်ကုန် ရော။ နောက်ထပ်ဖြစ်တာက ဒေါက်တာခင်မောင်ဝင်းက မစင်တွေဘယ်ရောက်သွားလဲ ဖြစ်ကုန်တယ်။ ပြောချင်တာပြော လိုက်တာကိုကိုယ့်ရဲ့ဂျာနယ် အောင်မြင်မှု ကိုယ့် ရဲ့သတင်းထူးခြားမှု ရအောင် ဆိုပြီး သတင်းတွေကိုအဓိပ္ပာယ်ပြောင်းလိုက်ရင် အဓိပ္ပာယ်တစ်မျိုးဆီ ဖြစ်သွားတာပေါ့ အဲ့ဒါတွေအတွက်ကို ဆရာဖြေရှင်းတာပါ။

မေး။ ။ဆေးသုတေသနနဲ့ဂျပန်က တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အသည်းရောင်အသားဝါအကြောင်းသုတေသနနဲ့ပတ်သက်ပြီးသိချင်ပါတယ်ရှင့်။

ဖြေ။ ။ ဆေးသုတေသနနဲ့ ဂျပန် နိုင်ငံNihon universityတို့ပူးပေါင်းပြီး အသည်းရောင်အသားဝါEရောဂါကို ဆရာတို့ကအကြီးအကျယ် ၄နှစ် သုတေသနလုပ်ခဲ့တာ မျောက်တွေကို အကြောဆေးထိုး ပြီးမျောက်မှာ သုတေသနလုပ်ရာမှာ ကမ္ဘာပေါ်မှာ အသည်းရောင်အသားဝါEရောဂါ နဲ့ပတ်သက် လို့မြန်မာနိုင်ငံ ဆေးသုတေသနက တော်တော်ကိုနာမည် ကြီးခဲ့တဲ့အထဲမှာပါခဲ့တယ်။နောက်ပြီး ၁၉၉၁ခုနှစ် မှာဆရာပြင်သစ် နိုင်ငံသွားတော့လည်း အသည်းရောင်အသားဝါEရောဂါတွေအကြောင်းအများ ကြီးသုတေသနလုပ်ခဲ့တယ်။ ၁၉၈၉ခုနှစ်လောက်ကတည်း ကဆရာတို့က သုတေသနလုပ်ခဲ့ပြီး တော့မန္တလေးမှာ ကျုံးရေထဲကို ဘေးကရေဆိုးဝင်သွားတာရှိခဲ့တယ်။ ရန်ကုန်ကဟာလေ့လာ တော့လည်းဆရာတို့လေ့လာခဲ့တဲ့မြို့ နယ်တွေက လွန်ခဲ့တဲ့၂၆နှစ်ကနော်၊ ခုမဟုတ် ဘူး။တစ်ခါတည်းဒီမှာ ရှင်းအောင်ပြောထားတာပါ။ ကျောက်တံတား ၊ လသာ ၊လမ်းမတော်၊ ပန်းဘဲတန်း တို့ကိုလေ့လာခဲ့တဲ့အခါမှာ ပြည်သူတွေသောက်သုံးတဲ့ရေထဲမှာ coliformတွေများတာ တွေ့တယ်။ ဒါတွေကိုဆရာ့အနေနဲ့လုပ်တာမဟုတ်ဖူး ဆေးသုတေသနကလုပ်ပြီး တော့ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ ဒီနေ့ အားလုံး ကိုရှင်းရှင်း လင်းလင်းတင်ပြတာပါ။ဆရာပြောခဲ့တာ ကလွန်ခဲ့တဲ့နှစ်၂၀ကျော်ကသုတေသနအကြောင်း ပြောတာပါ။ ယနေ့အခြေအနေတွေတော့မသိပါဘူး။

မေး။ ။ဆရာ့အနေနဲ့အခုလို အဓိပ္ပာယ်လွဲမှား စွာ သတင်းပြန့်သွားမှု တွေ အပေါ်ဘယ်လိုတွေထပ်ပြီးတုန့်ပြန်သွားဖို့ရောရှိမလဲရှင့်။

ဖြေ။ ။မတုန့်ပြန်ပါဘူး။ အမေရိကန်လိုနေရာ မျိုးတောင်ဒေါ်နယ်ထရမ့် မိန့်ခွန်းတွေဟိုလိုဖြစ် ဒီလိုဖြစ် ဖြစ်သေးတာပဲ။ဆရာ့အတွက်အမှန် တရားကို ဖြန့်ဖြူးပေးရင်ကျေနပ်ပါတယ်။ရေနဲ့ပတ်သက်ပြီး ကတော့Testတွေလုပ်ထား တယ်မလုပ်ထားဘူး ဆရာလည်းမသိဘူး။ဒါပေမယ့်ပြုပြင်ရမယ့် အချက်တွေပြုပြင်တာ နဲ့ပြုပြင်ပြီးလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ရေပိုက်တွေပြုပြင်ဖို့အကြောင်း ဆရာကရှင်းလင်းတင်ပြတာပါ။

မေး။ ။အသည်းရောင်အသားဝါEရောဂါပိုးနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာတွေအကြောင်းပြောကြားပေး ပါဦးရှင့်။

ဖြေ။ ။Eကကြောက်စရာမကောင်းပါဘူး။Bနဲ့Cပိုးတွေလိုလည်း နာတာရှည်မဖြစ်ဖူး။ဖြစ်ပြီးရင်ပျောက်သွားတတ်ပါတယ်။ ကြောက်စရာကောင်းတာကတစ်ခုပါပဲ။ အသည်းရောင်အသားဝါEရောဂါက ကပ်ရောဂါ အသွင်ဖြစ်တဲ့ အခါကျရင်တော့ကိုယ်ဝန်ဆောင် မိခင်တွေသတိထားရမှာပါ ။ကျန်တာကတော့ဘာမှအသေအပျောက်လည်းမရှိ ၊နာတာရှည်လည်းမရှိပါဘူး။
အသည်းရောင်အသားဝါEရောဂါကာကွယ်ဆေးကို ကုမ္ပဏီကြီး တစ်ခုကဖော်ထုတ်ပြီးပါပြီ။
ဒါပေမယ့် သူတို့ ထုတ်မရောင်းသေးပါဘူး။စီးပွားရေးကိုက်မှာ မဟုတ်လို့ပါ။Eပိုးဖြစ်တဲ့နိုင်ငံတွေက စီးပွားရေးဖွံ့ဖြိုးမှုနှေးနေသေးတဲ့နိုင်ငံတွေဖြစ်လို့ ဆေးထိုး နိုင်မှာမဟုတ်ဘူးဆိုပြီး ဆေးဆက်မထုတ်ပါဘူး။ဒါကြောင့်မို့ဆေးသုတေသန ရဲ့စီမံကိန်းကလည်း Eပိုးနဲ့ပတ်သက်ပြီး ရပ်ဆိုင်းလိုက်တယ်။Bပိုးနဲ့Cပိုး ကိုပဲဆရာတို့သုတေသန ဆက်လုပ်လာတာ နှစ်၂၀ကျော်ရှိသွားပါပြီ။

မေး ။ ။မြန်မာ နိုင်ငံမှာ အသည်းရောင်အသားဝါEရောဂါ ပိုးဖြစ်ပွားမှု တွေ့ရှိ ခဲ့ရခြင်း ရှိလား သိခြင်ပါတယ်ရှင့်။

ဖြေ။ ။လွန်ခဲ့တဲ့၁၉၇၆ခုနှစ် ကမန္တလေးမှာEရောဂါက ကပ်ရောဂါအသွင်ဖြစ်တယ်။လူပေါင်း၎သောင်းကျော်ဖြစ်ပွား ခဲ့တယ်။ နောက်ပြီး၁၉၈၂ခုနှစ် မှာမော်လမြိုင် မှာတစ်ခါဖြစ်တယ်။ ၁၉၈၃ခုနှစ် မှာရန်ကုန်မှာ ဖြစ်တယ်။ ၁၉၈၈ခုနှစ်မှာ ပဲရန်ကုန်မှာ ထပ်ဖြစ်တယ်။အဲ့ဒီနောက်ပိုင်း ကပ်ရောဂါအသွင်ဖြစ်တာ ဘာသံမှမကြားရတော့ဘူး။ဆိုလိုတဲ့သဘောက ရေဟာသန့်လာတယ်ဆိုတဲ့သဘောသဘောပေါ့ ။လူအများက ကျိုချက်သောက်လာတယ်။ရေသန့်ဗူးတွေသုံးလာတယ်။ဒါကြောင့်မို့ ၁၉၈၈ခုနှစ်နောက် ပိုင်းမြန်မာ နိုင်ငံ မှာအသည်းရောင်အသားဝါEရောဂါ ကပ်အသွင်ဆက်မဖြစ်တော့ပါဘူး။

မေး ။ ။စည်ပင်က ရေတွေကစစ်ပြီး သောက်သုံး နိုင်တယ်လို့ ပြောထားတာရှိပြီး ကျန်းမာရေးအတွက်ရေကို ဘယ်လိုမျိုးသောက်သုံး သင့်ကြောင်းပြောပေးပါဦးဆရာ။

ဖြေ။ ။ ဆရာတို့ကတော့ သောက်လို့ရတယ်မရဘူးပြောလို့မရပါဘူး။သာမာန်ကတော့ဤရေသည် သောက်သုံးရန် သင့်တော်သည်လို့ ပြောမထားဘူး ဆိုရင်အဲ့ဒီ့ရေက ကျိုသောက်ရမှာပဲ ဒါမှမဟုတ်ရေသန့်ဗူး သောက်ရမှာပဲ။ မစင်ပိုးပါလို့ မပါလို့မဟုတ်ဖူး။ အကြောင်းအမျိုးမျိုးကြောင့်ရေဟာ Pottal waterလို့ မကြေညာ ထားသ၍ ကျိုသောက်ရင်သောက်မသောက်ရင်ရေသန့်သောက်ဖို့ ဆရာအကြံပြုလိုပါတယ်။

မေး ။ ။ မစင်တွေရေထဲမှာ ပါဝင်နေတယ်လို့သတင်းထွက် နေတဲ့အပေါ်ရန်ကုန် မြို့နေပြည်သူတွေစိုးရိမ်နေကြတဲ့ အပေါ်ဖြည့်စွက်ပြောကြားပေးပါဦးဆရာ။

ဖြေ ။ ။အထွေထွေလိုက်နာရမယ့်နည်းကရေမှန်သမျှကျိုချက်သောက်ရမယ် ။မသောက် နိုင်ရင်တစ်ကယ်ပိုးသတ်ထားတဲ့ရေသန့်သောက်ရင်ဘာမှ ကြောက်စရာဘာမှမလိုဘူး။ဘယ်ရေမဆိုကျိုချက်သောက်ရင်သောက်ရေသန့်သောက်ရင်သောက်ဒီနှစ်နည်းပဲရှိတယ်။ဘာမှကြောက်စရာမလိုပါဘူလို့ပြောကြားလိုပါတယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဆရာ။

မေစု

Leave a Reply