စီးပွား​ရေဦးပိုင်​လီမိတက်​ကို ငှားရမ်းထား​သော ​မြေငှားခနှုန်းထားများမှာ ရယ်​စရာဖြစ်​​နေဟုဆို

0
269

ပဲခူး၊ ​ဖေ​ဖော်​ဝါရီ ၂၇၊ ၂ဝ၁၈

မြန်​မာ့စီးပွား​ရေးဦးပိုင်​လီမိတက်​ထံ ငှားရမ်းထားသည့်​​မြေငှားခနှုန်း ထားများမှာ ​ခေတ်​စနစ်​နှင့်​မ​လျော်​ညီဘဲ ရယ်​စရာဖြစ်​​နေ​ကြောင်း ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ဇော်​နိုင်​ဦး က ​ပြောဆိုလိုက်​သည်​။

ယ​နေ့ကျင်းပသည့်​ ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ နဝမ​မြောက်​ပုံမှန်​အစည်းအ​ဝေးများ ဒသမ​နေ့တွင် ၎င်းက အထက်​ပါအတိုင်း​ပြောဆိုလိုက်​ခြင်းဖြစ်​သည်​။

“သစ်​​တောပိုင်​​မြေ​တွေနဲ့ပတ်​သက်​ပြီး ဦးပိုင်​ကိုငှားရမ်းထားတဲ့​ မြေငှားခ ​တွေကို ​လေ့လာကြည့်​ရာမှာ ​ခေတ်​နဲ့မ​လျော်​ညီ​တော့ဘဲနဲ့ လူရယ်​စရာကြီးဖြစ်​​နေတယ်​။ ဒါ​ကြောင့်​မို့ ဒီလိုကိစ္စ​တွေကို ပြုပြင်​နိုင်​မှုမရှိဘူးဆိုရင်​ တိုင်းပြည်​ရဲ့ဘဏ္ဍာ​ငွေ​တွေ အများကြီးနစ်​နာဆုံးရှုံရမှာဖြစ်​ပါတယ်”ဟုသစ်​​တော၊သယံဇာတနှင့်​သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဆိုင်​ရာ​ကော်​မတီ အတွင်း​ရေးမှူးတစ်​ဦးလည်းဖြစ်​သူ ဦး​ဇော်​နိုင်​ဦး က ​ပြောသည်​။

၎င်း၏ မဲဆန္ဒနယ်​​မြေအတွင်းပါဝင်​​သော သစ်​​တောပိုင်​​မြေများအနက်​မှ သဲကုန်းမြို့နယ်​ရှိ ရှားပြင်​ကြိုးဝိုင်းသစ်​​တော​မြေအား အငှားချထားရာတွင်​ ၂ဝဝ၆ ခုနှစ်​မှ ၂ဝ၃၆ ခုနှစ်​အထိ နှစ်​သုံးဆယ်​ကြာငှားရမ်းရာတွင်​ ၂ဝဝ၆ မှ ၂ဝဝ၉ အထိကို ​တစ်​ဧက ၁ဝဝ ကျပ်​နှုန်း၊ ၂ဝ၁ဝ မှ ၂ဝ၁၃ အထိ တစ်​ဧက ကျပ်​ ၅ဝဝနှင့်​ ၂ဝ၁၄ မှ ၂ဝ၁၇ အထိ ကျပ်​ ၁ဝဝဝ နှုန်းဖြင့်​ အသီးသီး သတ်​မှတ်​ငှားရမ်း​နေ​ကြောင်း ၎င်းက ​ထောက်​ပြသည်​။

“ကျွန်​​တော်​တို့ အဲဒီငှားရမ်းခ​တွေနဲ့ပတ်​သက်​လို့ တိုးမြှင့်​​ကောက်​ခံထားပါတယ်​။ လက်​ရှိ​ကောက်​​နေတဲ့ တစ်​​ထောင်​ကျပ်​ဆိုတာကလည်း ပြည်​​ထောင်​စုအဆင့်​က သတ်​မှတ်​​ပေးတဲ့ နှုန်းထားဖြစ်​ပါတယ်​” ဟု ပဲခူးတိုင်း​ဒေသကြီးသစ်​​တောဦးစီးဌာနမှ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးလင်းထင်​က ​ဖြေရှင်းချက်​​ပေးသည်​။

သစ်​​တောဦးစီးဌာနပိုင်​​မြေများအား စီးပွား​ရေးဦးပိုင်​လီမိတက်​ထံ နှစ်​ရှည်​အငှားချထားရာတွင်​ ပဲခူးတိုင်း ပြည်​ခရိုင်​အတွင်း၌ ​မြေဧကစုစု​ပေါင်း ၃၆,ဝဝဝ ​ကျော်​ရှိ​ကြောင်း အဆိုပါဌာနစာရင်းများအရ သိရသည်​။

မိုးမြေ

Leave a Reply