ဆွဲကြိုးဖြတ်လုယက်မှုဖြစ်ပွား

0
149

မန္တလေး၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာမုနိဘုရားကြီးတောင်ဘက် မုခ်အနီးရှိ မေတ္တာရိပ် ထမင်းဆိုင်ရှေ့တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီခွဲ အချိန်က ဆွဲကြိုးဖြတ်ယူ လုယက်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဆွဲကြိုးဖြတ်လုယက်ခံရသူ ဒေါ်ခင်အုန်းမြင့် (၅၆) နှစ်သည် မဟာမုနိဘုရားကြီး တောင်ဘက်မုခ်အနီးရှိ မေတ္တာရိပ် ထမင်းဆိုင်တွင် ထမင်းစားပြီး အထွက်တွင် ယင်းထမင်းဆိုင်ရှေ့ ၈၂ လမ်းအတိုင်း တောင်မှ မြောက်သို့ အမည်မသိလူ (၂)ဦး မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်ရှိ နောက်မှ ထိုင်လိုက်သူက ဆွဲကြိုးကို ဖြတ်၍ လုယူခဲ့ခြင်းဖြစ်သည်။

ဆွဲကြိုးမှာ လိပ်ပြာဆွဲကြိုး ကျောက်ပြာဆွဲသီးနှင့် အလေးချိန် (၂) ကျပ် (၈) ပဲသား (၃၂) သိန်းကျော်တန်ကြေးရှိပြီး လုယက်သွားသူများမှာ ကြိုတင်ကြံစည် လုယက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ လုယက်သွားသူ အမည်မသိ လူနှစ်ဦးအား ချမ်းမြသာစည်မြို့မရဲစခန်းတွင် (ပ)၆၁/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply