အသက် ၁၃ နှစ်သားက ကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်

0
147

မန္တလေး၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ထုံးကြီးကျေးရွာတွင် အသက် ၁၃ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးက ကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်မှု တစ်ခု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

ပြုကျင့်ခံရသည့် ကလေးငယ်နှစ်ဦးမှာ အသက် (၅) နှစ် နှင့် (၆) နှစ်သာရှိပြီး ဆော့ကစားရင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြုကျင့်သည့် ကောင်လေးကို ဖမ်းစီးချုပ်နှောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ကလေးတွေ ကစားရင်း ကလေးအချင်းချင်းဖြစ်ပွားတာဖြစ်ပါတယ်။ ကလေးကို စခန်းမှာ ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့ မိဘတွေက တစ်မှုစီအမှုဖွင့်ထားပါတယ်။´´ ဟု စဥ့်ကူးမြို့နယ်ရဲတပ်ဖွဲ့ မှ
တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြစ်မှုကျူးလွန်သူ ၁၃ နှစ်အရွယ် ကလေးငယ်အား စဥ့်ကူးမြို့နယ် ရဲစခန်း တွင် (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း (ပ)၃/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း အမှုနှစ်ခုဖြင့် အရေးယူထားသည်။

နိုင်လင်းဦး

Leave a Reply