နေမာ၏ ခြေကျင်းဝတ်ဒဏ်ရာရရှိမှုကို PSG အသင်း အတည်ပြု

0
193

ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၈

PSG အသင်းဟာ ဘရားဇီးတိုက်စစ်မှူး နေမာရဲ့ ခြေကျင်းဝတ် ဒဏ်ရာရရှိမှုကို ယခုအခါ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါဒဏ်ရာကြောင့် နေမာဟာ မတ်လ ၆ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဇီဒန်းကတော့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ နေမာကို ပါဝင်စေချင်တယ်လို့ ဆိုထားပါတယ်။

နေမာဟာ ဒဏ်ရာရရှိမှုကြောင့် မျက်ရည်ကျတဲ့ အထိ နာကျင်ခံစားခဲ့ရပြီး အခန့်မသင့်ပါက သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်အထိ အနားယူရဖွယ် ရှိနေပါတယ်။ သို့သော်လည်း အဆိုပါ ဒဏ်ရာဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမတိုင်မီ ပြန်လည် သက်သာလာဖွယ် ရှိနေတယ်လို့ ဥရောပ အားကစား သတင်းတွေက ဖော်ပြကြပါတယ်။

နေမာရဲ့ ဒဏ်ရာကဲ့သို့သော ဒဏ်ရာမျိုးကို အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရွန်းနီလည်း ရရှိခဲ့ဖူးပြီး (၆)ပတ်ခန့် အနားယူခဲ့ရတယ်လို့ သိရပါတယ်။

နေမာဟာ ဘရာဇီးအသင်းနဲ့ PSG အသင်းတို့အတွက် အားထားရတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာကနေ ပြင်သစ်ကလပ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။

NN

Leave a Reply