မႏၲေလးတြင္ ရပ္ကြက္တစ္ခုကို ေဘာလံုးကြင္းတစ္ကြင္းထားရွိေရး ေဆာင္ရြက္သြားမည္။

0
189

မႏၲေလး ။ ဒီဇင္ဘာ ၅ ။ ၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီးအတြင္း၌ ယခင္အစိုးရလက္ထက္က သိမ္းယူထားသည့္ ေဘာလံုးကြင္းေျမေနရာကိုျပန္လည္ေဖာ္ထုတ္ၿပီး ရပ္ကြက္တစ္ခုတြင္ ေဘာလံုးကြင္းတစ္ကြင္းရွိဖို႔ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဦးစိုင္းေက်ာ္ေဇာက ေျပာသည္ ။

ယခင္အစိုးရလက္ထက္က ေဘာလံုးကြင္းေျမေနရာမ်ား ႏွင့္ ပလပ္ေျမေနရာမ်ားကို သိမ္းယူၿပီး အစိုးရအဖြဲ႕ႏွင့္ နီးစပ္ေသာ လူပုဂၢိဳလ္မ်ားကို ေျမေနရာ ျပန္လည္ခ်ထားေပးျခင္းမ်ား ရွိခဲ့သည္။

“ေဘာလံုးကြင္းေတြကြယ္ေပ်ာက္သြားတဲ့အတြက္ ေဘာလံုးကစားသမားေကာင္းေတြ ကြယ္ေပ်ာက္သြားပါတယ္ ။ အရင္တုန္းက ရပ္ကြက္ေတြမွာ ေဘာလံုးကြင္း၊ ေစ်း ၊ေဆးခန္း ေျမေနရာေတြ ခ်ထားေပးတဲ့ဟာကို သိမ္းၿပီး နီးစပ္ရာခ်ထားေပးတယ္ ။ ဒါကို က်ေနာ္တို႔ ျပန္သိမ္းသြားမယ္ ။ျပန္သိမ္းေနၿပီ ။” ဟု မႏၲေလးတိုင္းေဒသႀကီး ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဦးစိုင္းေက်ာ္ေဇာက ေျပာသည္။

ျပန္လည္သိမ္းယူရာတြင္လည္း စည္ပင္သာယာ၌ ေငြသြင္းထားပါက ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

#ႏိုင္လင္းဦး

 

မန္တလေး ။ ဒီဇင်ဘာ ၅ ။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခင်အစိုးရလက်ထက်က သိမ်းယူထားသည့် ဘောလုံးကွင်းမြေနေရာကိုပြန်လည်ဖော်ထုတ်ပြီး ရပ်ကွက်တစ်ခုတွင် ဘောလုံးကွင်းတစ်ကွင်းရှိဖို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစိုင်းကျော်ဇောက ပြောသည် ။

ယခင်အစိုးရလက်ထက်က ဘောလုံးကွင်းမြေနေရာများ နှင့် ပလပ်မြေနေရာများကို သိမ်းယူပြီး အစိုးရအဖွဲ့နှင့် နီးစပ်သော လူပုဂ္ဂိုလ်များကို မြေနေရာ ပြန်လည်ချထားပေးခြင်းများ ရှိခဲ့သည်။

“ဘောလုံးကွင်းတွေကွယ်ပျောက်သွားတဲ့အတွက် ဘောလုံးကစားသမားကောင်းတွေ ကွယ်ပျောက်သွားပါတယ် ။ အရင်တုန်းက ရပ်ကွက်တွေမှာ ဘောလုံးကွင်း၊ စျေး ၊ဆေးခန်း မြေနေရာတွေ ချထားပေးတဲ့ဟာကို သိမ်းပြီး နီးစပ်ရာချထားပေးတယ် ။ ဒါကို ကျနော်တို့ ပြန်သိမ်းသွားမယ် ။ပြန်သိမ်းနေပြီ ။” ဟု မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစိုင်းကျော်ဇောက ပြောသည်။

ပြန်လည်သိမ်းယူရာတွင်လည်း စည်ပင်သာယာ၌ ငွေသွင်းထားပါက ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည် ။

#နိုင်လင်းဦး

Leave a Reply