စီမံဘဏ္ဍာဝန်​ကြီးအား ပါတီနှင့်​ကင်းကွာသည်​ဟုဆိုကာတာဝန်​မှရပ်​ဆိုင်း​ပေးရန်​ တောင်းဆို

0
187

ပဲခူး၊ ​ဖေ​ဖော်​ဝါရီ ၂၇၊ ၂ဝ၁၈

ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်​ဘဏ္ဍာ​ရေးဝန်​ကြီးဦး​ညွန့်​​ရွှေအား ပါတီနှင့်​ကင်းကွာသည်​ဟုဆိုကာ ကဝမြို့နယ်​အလုပ်​အမှု​ဆောင်​အဖွဲ့ ဒုဥက္ကဋ္ဌတာဝန်​မှရပ်​ဆိုင်း​ပေးရန်​ တိုင်းအဆင့်​အားတင်​ပြထား​ကြောင်း မြို့နယ်​အလုပ်​အမှု​ဆောင်​အဖွဲ့ထံမှ သတင်းရရှိသည်​။

ထိုသို့ ပါတီတာဝန်​များမှရပ်​ဆိုင်း​ပေးရန်​ ဆုံးဖြတ်​ရာတွင်​ အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​(NLD)ပါတီ၏ လပတ်​အစည်းအ​ဝေးများအား တက်​​ရောက်​ရန်​ပျက်​ကွက်​ခြင်း၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၏ လစဉ်​ချီးမြှင့်​​ငွေ၏ဆယ်​ရာခိုင်​နှုန်းအား ပါတီရန်​ပုံ​ငွေအဖြစ်​ထည့်​ဝင်​ရန်​ ပျက်​ကွက်​ခြင်းတို့​ကြောင့်​ဖြစ်​​ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်​။

“အလုပ်အမှု​ဆောင်​အဖွဲ့က အစည်းအ​ဝေးမှာတရားဝင်​ဆုံးဖြတ်​ပြီး​တော့မှ တိုင်းအဆင့်​ကိုတင်​ပြထားတာပါ။ ဒီအ​ပေါ်မှာ​တော့ အထက်​က တစ်​စုံတစ်​ရာညွှန်​ကြားလာတာမရှိ​သေးပါဘူး” ဟု NLD ပါတီကဝမြို့နယ်​အလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးမြတ်​သိန်းက ​ပြောသည်​။

စီမံကိန်းနှင့်​ဘဏ္ဍာ​ရေးဝန်​ကြီး၏ ပါတီစည်းကမ်းပျက်​ကွက်​မှုများအနက်​ အလုပ်​အမှု​ဆောင်​အဖွဲ့၏လပတ်​အစည်းအ​ဝေးများအား ၃ ကြိမ်​ထက်​ပို၍ပျက်​ကွက်​လျှင်​ တာဝန်​မှရပ်​ဆိုင်းပြီးဖြစ်​သည်​ဟူ​သော စည်းကမ်း ချက် ​နှင့်​ညိစွန်းခြင်း၊ မြို့နယ်​သို့လာ​ရောက်​​သော်​လည်းပါတီရုံးသို့ဝင်​ထွက်​၍ အဆက်​အသွယ်​မပြုလုပ်​ခြင်းတို့ပါဝင်​​ကြောင်း ၎င်းက ရှင်းပြသည်​။

“စီမံဘဏ္ဍာဝန်​ကြီးကိစ္စကို ကျွန်​​တော်​တို့အ​နေနဲ့ စိစစ်​​နေဆဲဖြစ်​ပါတယ်​။ တင်​ပြလာတဲ့အ​ခြေအ​နေအရ​တော့ စည်းကမ်းချက်​​တွေနဲ့ညိ​နေတာ​ပေါ့။ သို့​သော်​လည်း အစိုးရအဖွဲ့ရဲ့တာဝန်​​တွေကိုထမ်း​ဆောင်​​နေတာဖြစ်​လို့ ဗဟိုရဲ့လမ်းညွှန်​မှုကို ​စောင့်​ဆိုင်း​နေတဲ့ အ​ခြေအ​နေဖြစ်​ပါတယ်​”ဟု NLD ပါတီမှ တိုင်းဥက္ကဋ္ဌဦးသိန်းဒန်​က မှတ်​ချက်​​ပေးသည်​။

အထက်​ပါကိစ္စနှင့်​စပ်​လျှင်း၍ ကာယကံရှင်​ စီမံဘဏ္ဍာဝန်​ကြီးထံ တယ်​လီဖုန်းဖြင့်​ဆက်​သွယ်​​မေးမြန်းရန်​ကြိုးစားခဲ့​သော်​လည်း ဆက်​သွယ်​မရခဲ့​ပေ။

ကဝမြို့နယ်​သည်​ ၂ဝ၁၅ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကာလအတွင်းက အမျိုးသား၊ ပြည်​သူနှင့်​တိုင်​​ဒေသကြီးလွှတ်​​တော်​များအားဝင်​​ရောက်​ယှဉ်​ပြိုင်​ရာ ၄ ​နေရာလုံး NLD ပါတီမှအနိုင်​ရရှိခဲ့ပြီး ယင်းအနက်​ ဝန်​ကြီးဦးညွန့်​​ရွှေ မှာ မဲဆန္ဒနယ်​အမှတ်​(၂)၏ အနိုင်​ရတိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​တစ်​ဦးဖြစ်​သည်​။

မိုးမြေ

Leave a Reply