စားပွဲဝိုင်းမှတဆင့် ငြိမ်းချမ်း​ရေးရရန်​ ပူးပေါင်းဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း UPDJC ဒုဥက္ကဋ္ဌပြော

0
106

နေပြည်တော်၊ဖေဖော်ဝါရီ ၂၇ ၊၂၀၁၈။

စားပွဲဝိုင်းမှတဆင့် ရေရှည်တည်တံ့ခိုင်မြဲသည့်​ ပြည်တွင်းငြိမ်းချမ်းရေးရရန် အတူတကွ ပူးပေါင်းဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

“ကျွန်တော်တို့ကြားမှာ ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားတာနဲ့အမျှ နားလည်မှုတွေ ယုံကြည်မှုတွေ ​လျော့ပါးသွားစေမည့် အဖြစ်မျိုးတွေ မဖြစ်ဖို့ အားလုံးက သတိပြုကြရမှာ ဖြစ်ပါတယ်။ သဘောထားတွေအမြင်တွေ ဘယ်လိုပဲကွဲပြားကွဲပြားကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အဆက် မပြတ်လုပ်ဖို့ မကြာခဏဆိုသလို တွေ့ဆုံကြဖို့ အထူးပဲ လိုအပ် ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားတဲ့အတိုင်း ​ပျော့ပျောင်းခြင်းဟာ ပျော့ညံ့ခြင်းမဟုတ်ဘူး။ ညှိနှိုင်းခြင်းဟာ အရှုံးပေးခြင်း မဟုတ် ဘူး။တွေ့ဆုံညှိနှိုင်းရမှာကို စိုးရိမ်မနေကြပါနဲ့”ဟု ဦး​ကျော်​တင့်​​ဆွေက ပြောကြားခဲ့ခြင်း ဖြစ်​သည်​။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ရုံးတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးသည် နိုင်ငံရေး သဘော တူညီချက်တွေ ရရှိတဲ့ပေါ်မှာ မူတည်​​ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေချမှတ်နိုင်တာ ဖြစ်သည့် အတွက် UPDJC သည် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အလွန် အရေးပါသည့်အခန်းကဏ္ဍပဲဖြစ်ကြောင်း ဦးကျော်တင့်ဆွေက ပြောသည်။

ထို့ပြင်UPDJC အဖွဲ့ဝင်များအနေဖြင့် ယုံယုံကြည်ကြည်နဲ့ လက်တွဲ ပူးပေါင်း ပေးကြရန် အချင်းချင်းနားလည်မှုတည်ဆောက်ပြီး နိုင်ငံရေးဆွေးနွေ့း ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် အပေးအယူအလျော့အတင်းပြုလုပ်ပြီး နိုင်ငံရေးသဘောတူညီချက်တွေရရှိနိုင်မဲ့နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးပေးကြဖို့ဝိုင်းဝန်းပေးကြဖို့မေတ္တာရပ်ခံကြောင်းလည်း ဦးကျော်တင့်ဆွေက ဆက်လက်ပြောကြားခဲ့သည်။

၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ခြင်းမရှိသေးသည့်အပေါ် ဦးကျော်တင့်ဆွေမှ “ညီလာခံကျင်းပနိုင်ခြင်းမရှိပဲရပ်တံ့နေမှုဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အဓိက တာဝန်ယူတဲ့ ကျွန်တော်တို့ UPDJCနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်တဲ့ အနေအထားကြောင့်နိုင်ငံရေးဆွေးနွေးပွဲတွေကြန့်ကြာနေအုံးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံတိုင်းရင်းသားပြည်သူတွေရဲ့ ​မျှော်လင့်ချက်တွေဟာ မှေးမှိန်နေအုံးမှာ ဖြစ်ပါတယ်” ဟု လည်း ယင်းက ပြောကြားခဲ့သည်။

UPDJC အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply