မန်ယူအသင်းဟာ စပါးကွင်းလယ်လူ အက်ကင်ဆန်ကို စိတ်ဝင် စားနေကြောင်း ကစားသမား၏ အေးဂျင့်ဖြစ်သူမှ အတည်ပြု 

0
142

ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ ဒိန်းမတ် ကွင်းလယ်လူ အက်ကင်ဆန်ကို စိတ်ဝင်စားနေကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ မာတင်ရှု့က ပြောကြားလိုက်ပါတယ်။

အက်ကင်ဆန်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ချက် စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ မန်ယူအသင်းဟာ အသင်းအတွက် ကွင်းလယ် ဖန်တီးရှင် ကစားသမားတစ်ဦးကို အလိုရှိနေပြီး ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၇)ကြိမ်အထိ ပြုလုပ်ထားသော အက်ကင်ဆန်ကို ခေါ်ယူနိုင်ဖို့အတွက် နည်းပြ မော်ရင်ဟိုက ဆန္ဒရှိနေပါတယ်။

အက်ကင်ဆန်ဟာ စပါအသင်းနဲ့ စာချုပ်သက်တမ်း (၄) နှစ် ကျန်ရှိနေသေးသော်လည်း နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ဒါ့အပြင် အက်ကင်ဆန်ကို ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာ စတဲ့ အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အားကစား သတင်းများမှာ ဖော်ပြထားပါတယ်။

“ထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ဘာမှ မပြောလိုဘူး။ဒါပေမယ့် ရီးရဲမက်ဒရစ် ၊ ဘာစီနဲ့ မန်ယူတို့ကတော့ စိတ်ဝင်စားနေတာ အမှန်ပါပဲ။ အက်ကင်ဆန်ဟာ ၁၄ နှစ်သားလောက်ကတည်းက အသင်းကြီးတွေရဲ့ မျက်စိကျမှုကို ခံနေရတဲ့သူပါ။ဒီအထဲမှာ ချယ်လ်ဆီး ၊ အေစီမီလန်နဲ့ ဘာစီလိုနာတို့ ပါဝင်ခဲ့ပါတယ်။ စိတ်ဝင်စားပေမယ့် ကမ်းလှမ်းမှုတော့ ရောက်မလာခဲ့ကြပါဘူး။”လို့ အက်ကင်ဆန်ရဲ့ အေးဂျင့်က ဆိုပါတယ်။

၂၀၂၀ အထိ စပါးနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ အက်ကင်ဆန်ဟာ သူ့ရဲ့ အနာဂတ်ကို အခုချိန်မှာ အကောင်းဆုံး ပြောဆိုသုံးသပ်နိုင်တဲ့ အရွယ် ကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ကလေးတစ်ယောက် မဟုတ်တော့ သလို သူ့ရဲ့တန်ဖိုးကို သူ့ရဲ့ ခြေထောက်တွေနဲ့သာ သက်သေပြနေတဲ့ သူတစ်ယောက် ဖြစ်တယ်လို့ မာတင်ရှု့က ပြောပါတယ်။

NN

Leave a Reply