ရာသီအကုန်မှာ အာစင်ဝင်းဂါးကို ထုတ်ပယ်ပြီး ရော်ဂျာနဲ့ အစားထိုးမယ့် သတင်းများ ထွက်ပေါ်

0
167

ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၈

အာဆင်နယ်အသင်းမှာ အခြေအနေမလှ ဖြစ်နေတဲ့ နည်းပြအာစင်ဝင်းဂါး ကို ယခုနှစ် ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထုတ်ပယ်ပြီး ဆဲလ်တစ်အသင်းရဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ အစားထိုးခန့်အပ် သွားမယ်လို့ သတင်းများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အာစင်ဝင်းဂါးရဲ့ လုပ်ရည်ကိုင်ရည်ကို စောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ အထူးသဖြင့် ယခုတစ်ပတ်မှာ ကစားခဲ့တဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက်မှာတော့ ရာသီအကုန်မှာ အာစင်ဝင်းဂါးကို ထုတ်ပယ်ဖို့ စီစဉ်လာကြခြင်းပဲ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ ချယ်လ်ဆီးအသင်းနဲ့ FA ဖလား ဗိုလ်လုပွဲအပြီးမှာ ဖလားရရှိခဲ့မှုနဲ့ အတူ (၂) နှစ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ သို့သော် အငဆင်နယ်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ အဆင့်၅ သာ ရရှိခဲ့ တာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ၀င်းဂါးအပေါ် စိတ်ပျက် ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ အဆင့်၅ သာ ရရှိခဲ့တဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၀င်ရောက် ကစားခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ယခုနှစ်မှာ လည်း အဆင့် ၄ အတွင်း ၀င်ရောက်နိုင်ဖို့ မလွယ်ကူတော့တဲ့ အခြေအနေ ကို ရောက်ရှိနေတဲ့အတွက် ၀င်းဂါးကို ရာထူးကနေ ဖယ်ရှားဖို့ ပြင်ဆင် လာကြခြင်း ဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ သည်မှာ (၂၂) နှစ်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း အတွက် အမှတ်ပေးဖလား ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာဟာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ၀င်းဂါးအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ အမြင့်ဆုံးဆုဖလားအဖြစ် ယူရိုပါလိဂ် တစ်ခုသာ ရှိပါတော့တယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ ဘုတ်အဖွဲ့ဟာရာသီအကုန်မှာ ၀င်းဂါးကို ထုတ်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ နည်းပြအဖြစ် ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာက ထိပ်ဆုံးမှ ရေပန်းစားနေပြီး ဘိုင်ယန်မြူးနစ် နည်းပြဟောင်း အန်ဆယ်လော့တီ ၊ ဂျာမနီနည်းပြ ဂျိုအာချင်လို ၊ လီယိုနာဒို ဂျာဒင် နဲ့ ယခင် အာဆင်နယ် ကစားသမားဟောင်း အာတီတာတို့ဟာ အာဆင်နယ် နည်းပြအဖြစ် ရေပန်းစားလျှက်ရှိနေပါတယ်။

NN

Leave a Reply