အက်စပန်ညိုရဲ့ နောက်ကျအနိုင်းဂိုးကြောင့် ဖိအားများစွာ ၀င်ရောက်စေခဲ့တဲ့ ရီးရဲနည်းပြ ဇီဒန်း

0
215

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၈

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အက်စပန်ညိုအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတိုပရဲ့ ပွဲစဉ်မှာ အိမ်ရှင် အက်စပန်ညိုအသင်းဟာ ဒုတိယပိုင်း ပြီးဆုံးချိန် အချိန်ပို ၂ မိနစ်မှာ ဂျာရက် မိုရီနိုရဲ့ သွင်းဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရပါတယ်။

အဆိုပါ ရှုံးပွံကြောင့် ရီးရဲမက်ဒရစ်အသင်းဟာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ရမှတ် ၁၄ မှတ်အထိ ကွာဟခဲ့ပြီး ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းအတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

စီရော်နယ်ဒိုကို အနားပေးထားတဲ့ ရီးရဲမက်ဒရစ်ဟာ တိုက်စစ်မှာ ဂါရက်ဘေးလ်ကို အထောင်ထားပြီး အစ္စကို ၊ အက်ဆန်စီအို ၊ လူးကပ်ဘတ်ကွတ် ၊ ကိုဗာစီဗစ် ၊ လော်ရန်တေး စတဲ့ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ရီးရဲမက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့အဖြစ် PSG အသင်းနဲ့ လာမယ့်အပတ်မှာ ကစားရဖို့ရှိနေပါတယ်။ ဒါကြောင့် အဓိက ကစားသမားတွေကို အနားပေးခဲ့ပါတယ်။တစ်ဖက်အသင်းအပေါ် လျော့တွက်ခဲ့မှုဟာ နည်းပြဇီဒန်းကို ကောင်းကောင်း အကြပ်ရိုက်စေ ခဲ့ပါတယ်။

ယခုအခါ စပိန်လာလီဂါ အမှတ်ပေးပွဲစဉ်ရဲ့ ၂၆ ပွဲအပြီးမှာ ရီးရဲမက်ဒရစ် အသင်းဟာ ရမှတ် ၅၁မှတ်သာ ရရှိထားပြီး ဒုတိယနေရာမှ အက်သလက်တီကိုနဲ့ ၇ မှတ်အကွာ ၊ ထိပ်ဆုံးမှ ဘာစီလိုနာနဲ့ ၁၄ မှတ်အကွာဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

NN

Leave a Reply